တနင်္သာရီတိုင်းဒေသကြီး၏ ကွမ်းသီးစိုက်ပျိုးမှုအခြေအနေ

Powered by Drupal

          မြန်မာနိုင်ငံတွင် နှစ်ရှည်သီးနှံဖြစ်သည့်ကွမ်းသီးကို မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် အ‌ဓိကအများဆုံးစိုက်ပျိုးကြပြီး ယခုကာလသည် ကွမ်းသီးစိုက်တောင်သူများ နှင့် ကုန်သည်များအတွက် စိန်ခေါ်မှုနှင့်အခွင့်အလမ်းများ ဒွန်တွဲနေသည့်ကာလတစ်ခုဖြစ်နေပါသည်။

          တနင်္သာရီတိုင်းဒေသကြီးမှထွက်ရှိသည့် ကွမ်းသီးများကို ထားဝယ်၊ မြိတ်၊ ကော့သောင်းနှင့် ဘုတ်ပြင်းမြို့များရှိ ကွမ်းသီးအဝယ်ဒိုင်ကြီးများမှ ဝယ်ယူကာ ရန်ကုန်နှင့် မန္တလေးမြို့များသို့ အများ ဆုံးတင်ပို့ရောင်းချလျက်ရှိပြီး ၎င်းမြို့များမှတစ်ဆင့်ကို အိန္ဒိယနိုင်ငံနှင့်တရုတ်နိုင်ငံများသို့ အဓိက တင်ပို့နေခြင်းဖြစ်ပါသည်။ လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအချို့ ပိတ်ဆို့မှုများ နှင့် သယ်ယူပို့ဆောင်ရေးစရိတ်ကြီးမြင့်မှုများကြောင့် ကုန်သည်များသည်ပင်လယ်ရေကြောင်းမှ တစ်ဆင့် အိန္ဒိယနိုင်ငံသို့ တင်ပို့မှုများကို ပိုမိုအားစိုက်လာကြသည်။

          ကွမ်းသီးစိုက်ပျိုးသူတောင်သူများအနေဖြင့် လက်ရှိတွင် မြေသြဇာနှင့်ပိုးသတ်ဆေးစျေးနှုန်း များ၊ သွင်းကုန်စျေးနှုန်းမြင့်မားမှုများကြောင့် လုပ်ငန်းသုံးသွင်းအားစုစရိတ်များ အဆမတန်မြင့်မား လာခြင်း၊ လုပ်အားခနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များ စသည့် အခက်အခဲများလည်း ကြုံတွေ့နေ ရကြောင်း သိရှိရပါသည်။ လက်ရှိကာလတွင် ကွမ်းသီးစိုက်တောင်သူများအနေဖြင့် ကုန်ကျစရိတ် သက်သာစေရန် သဘာဝမြေသြဇာများကို တွဲဖက်သုံးစွဲလာကြပြီး စျေးကွက်အတွင်း အရည်အသွေးမီ ကွမ်းသီးများထွက်ရှိလာစေရန်နှင့် စျေးကောင်းရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

          ယခုလက်ရှိ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မေလကုန်အထိ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များအလိုက် ကွမ်းသီးစိုက်ပျိုးမှုများအနေဖြင့် ထားဝယ်မြို့နယ်တွင် (၂၄၆၆၄)ဧက၊ လောင်း လုံးမြို့နယ်တွင် (၁၃၁၇)ဧက၊ သရက်ချောင်းမြို့နယ်တွင် (၁၇၇၇၅)ဧက၊ ရေဖြူမြို့နယ်တွင် (၁၀၁၆၉) ဧက ထားဝယ်ခရိုင်အားဖြင့် စုစုပေါင်း (၅၃၉၂၅) ဧကစိုက်ပျိုးထားကြောင်း၊ မြိတ်မြို့နယ်တွင် (၅၉၇၀)ဧက၊ ကျွန်းစုမြို့နယ်တွင် (၅၈၃၆)ဧက၊ ပုလောမြို့နယ်တွင် (၁၃၂၀၀)ဧက၊ တနင်္သာရီမြို့နယ် တွင် (၂၁၀၈၃)ဧက မြိတ်ခရိုင်အားဖြင့် စုစုပေါင်း (၄၆၀၈၉)ဧက စိုက်ပျိုးထားကြောင်း၊ ကော့သောင်း မြိုန့ယ်တွင် (၅၃၇၆)ဧက၊ ခမောက်ကြီးမြို့နယ်တွင် (၄၀၈)ဧက ကော့သောင်းခရိုင်အားဖြင့် စုစုပေါင်း (၅၇၈၄)ဧက စိုက်ပျိုးထားကြောင်း၊ ဘုတ်ပြင်းမြို့နယ်တွင် (၁၉၆၀၄)ဧက၊ ကရသူရိမြို့နယ်တွင် (၂၁၁၂)ဧက၊ ပြည်ကြီးမဏ္ဍိုင်မြို့နယ်တွင် (၁၁၉၇၀)ဧက ဘုတ်ပြင်းခရိုင်အနေဖြင့် စုစုပေါင်း (၃၃၆၈၆) ဧက၊ တိုင်းချုပ်အနေဖြင့် စုစုပေါင်း (၁၃၉၄၈၄)ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)