“ပဲစဉ်းငုံစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းလျှက်ရှိ”

Powered by Drupal

                 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ပဲစဉ်းငုံ(မိုး)ကို သီးသန့်စိုက်ပျိုးမှုများ ရှိသလို သီးထပ်သီးညှပ်အဖြစ်လည်းစိုက်ပျိုးကြကြောင်း၊မိုးပဲစဉ်းငုံကို မေလနှင့်ဇွန်လများတွင် စတင်စိုက်ပျိုးကြပြီး ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလများတွင် စတင်ရိတ်သိမ်းရမည် ဖြစ်ကြောင်း၊ အများဆုံး စိုက်ပျိုးသောမျိုးများမှာ ကြေးနီရောင်တဘက်လှဲမျိုး၊ ရွှေဝါရောင်လုံး သေးဒင်္ဂါးမျိုးများ ကို အများဆုံးစိုက်ပျိုးကြကြောင်း၊မြို့နယ်အတွင်း အများဆုံးစိုက်ပျိုးသော ရွာများမှာ သပြေသာရွာ၊ ညောင်ဂျစ်ရွာ နှင့်ဟင်းလျာကန်ရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ တစ်ဧကကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၃၀၀၀၀၀/-)ကျပ် ဝန်းကျင်ခန့် ကုန်ကျ ကြောင်း၊ အထွက်နှုန်းအနေဖြင့်(၁၂-၁၄)တင်းခန့် ထွက်ရှိကြောင်း၊ ယခင်နှစ်ထွက်ပေါ်ချိန်တွင် စျေးနှုန်း အနေဖြင့် တစ်တင်းလျှင် (၉၅၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အကျိုးအမြတ် အနေဖြင့် (၈၄၀၀၀၀/-)ကျပ်ခန့်မြတ်ခဲ့ကြေင်း၊ ဇွန်လဒုတိယပတ်ပေါက်စျေးအနေဖြင့် ပဲစဉ်းငုံ တစ်တင်းလျှင် (၉၄၀၀၀/-)ကျပ်ဖြင့်ရောင်းဝယ်လျှက်ရှိပြီး ပဲစဉ်းငုံစိုက်တောင်သူများမှပွဲရုံများသို့ တိုက်ရိုက်တင်ပို့‌ ရောင်းချလျက်ရှိပြီး ပွဲရုံများမှတစ်ဆင့် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ ရောင်းချ ကြကြောင်း၊ ထွက်ပေါ်ချိန်တွင်လည်း စျေးနှုန်းများကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ် ပိုမို ဖြစ်ထွန်းမှာ ဖြစ်ကြောင်း ပဲစဉ်းငုံစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)