
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့်စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ဆီထွက်သီးနှံ တစ်မျိုးဖြစ်သော မိုးနှမ်းသီးနှံကို၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်တွင် မိုးနှမ်းကို မေလနှင့်ဇွန်လများတွင် စတင်စိုက်ပျိုးခဲ့ပြီး စက်တင်ဘာလတွင် စတင်ထွက်ရှိမည်ဖြစ်ကြောင်း ၊ နှမ်းစိုက်ပျိုးမှု အနေဖြင့် ဘောင်ကြောင်းပေးစနစ်ဖြင့် စိုက်ပျိုးကြပြီး အများဆုံး စိုက်ပျိုးသောမျိုးများမှာ နှမ်းဖြူ၊နှမ်းညိုနှင့် နှမ်းနက်မျိုးများကိုစိုက်ပျိုးကြပါသည် ။ (၁)ဧက စိုက်ပျိုးမှုအနေဖြင့် နှမ်းမျိုး ၁ပြည်လျှင်(၈၀၀၀-၈၅၀၀)ကျပ်အထိ ပေးဝယ်ရကြောင်း ၊ (၁)ဧက ကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်စုစုပေါင်း(၅၅၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊(၁)ဧကမျိုး (၂-၃)ပြည် စိုက်ပျိုးရကြောင်း၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် (၁၂-၁၃)တင်းခန့်ထွက်ရှိခဲ့ပြီး ယခင်နှစ် နှမ်းစျေးနှုန်းအနေဖြင့် နှမ်းဖြူတစ်တင်းလျှင်(၁၃၀၀၀၀/-) ကျပ် ၊ နှမ်းညို တစ်တင်းလျှင်(၁၃၂၀၀၀/-)ကျပ် ၊ နှမ်းနက် တစ်တင်းလျှင် (၁၂၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး နှမ်းဆီ ၁ပိဿာလျှင် (၁၈၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်ခဲ့ပြီး (၁)ဧက အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ် နှုတ်ပြီး(၁၁၀၀၀၀၀/-)ကျပ်ခန့်မြတ်ခဲ့ကြောင်း ၊ ယခုဇွန်လ ဒုတိယအပတ်တွင် နှမ်းစျေးနှုန်းအနေဖြင့် နှမ်းဖြူတစ်တင်းလျှင် (၁၁၇၀၀၀/-) ကျပ် ၊ နှမ်းညို တစ်တင်းလျှင်(၁၁၃၀၀၀/-) ကျပ် ၊ နှမ်းနက် တစ်တင်းလျှင်(၁၂၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေပြီး နှမ်းဆီ ၁ပိဿာ လျှင် (၁၈၀၀၀/)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း ၊ ကုန်သွယ်ရောင်းဝယ်မှုအနေဖြင့် တောင်သူများမှ နှမ်းသီးနှံထွက်ပေါ်ချိန်တွင် နီးစပ်ရာ ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ တိုက်ရိုက် သွားရောက်ရောင်းချကြကြောင်း ၊ ပွဲရုံများမှတဆင့် ရန်ကုန် ၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချ လျက်ရှိပါသည် ။ တောင်သူများမှာ နှမ်းကိုဆီထွက်သီးနှံ အဖြစ်ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျှက် ရှိပါသည် ။ နှမ်းသီးနှံထွက်ပေါ်ချိန်တွင် အထွက်နှုန်းနှင့် စျေးနှုန်းများကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ်ပိုမိုဖြစ်ထွန်းနိုင်ကြောင်း၊ နှမ်းစိုက်ပျိုးသောတောင်သူတစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)
