ဒေသထွက်ကုန် ရွှေဘိုပေါ်ဆန်းစပါး/ဆန် ဈေးနှုန်းနှင့် ဆန်စီးထွက်မှုအခြေအနေ

Powered by Drupal

 

         စစ်ကိုင်းတိုင်းဒေသကြီးသည် နိုင်ငံတော်၏ တတိယစပါးကျီတစ်ခုအဖြစ် သတ်မှတ်ခံထား ရပြီး ရွှေဘိုခရိုင် သည်လည်း စစ်ကိုင်းတိုင်းဒေသကြီး၏ ပထမစပါး ကျီတစ်ခုအဖြစ် ရပ်တည်လျက် ရှိပါသည်။ ရွှေဘိုခရိုင်အနေဖြင့် သဖန်းဆိပ်ဆည်ရေသောက် လယ်ဧက (၄.၄)သိန်းခန့်တွင် ရွှေဘိုပေါ်ဆန်းစပါးကို ဧက(၃)သိန်း ခန့်  နှစ်စဉ် စိုက်ပျိုးလျက်ရှိပါသည်။

          ရွှေဘိုခရိုင်တွင် ဩဂုတ်လ ပထမပတ်တွင် ရွှေဘိုပေါ်ဆန်းစပါး တင်း(၁၀၀)လျှင် (၅၇၀၀၀၀၀)ကျပ်၊ ရွှေဘိုပေါ်ဆန်းဆန် (၂၄)ပြည်ပါ တစ်အိတ်လျှင် (၂၂၅၀၀၀)ကျပ် ပေါက်ဈေးဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး၊ဒေသတွင်းသာမက ပိုလျှံသော ဆန်များကို အခြားတိုင်း/ပြည်နယ် ဒေသအသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။

ယခု၂၀၂၆ခုနှစ် ဩဂုတ်လ ပထမပတ်အတွင်း ရွှေဘိုပေါ်ဆန်းဆန် စီးထွက်မှုမှာ ရန်ကုန်သို့ (၂၅၇၁၈)အိတ်၊ မန္တလေးသို့ (၈၄၉၅) အိတ်၊ နေပြည်တော်သို့ (၆၂၅) အိတ်၊ပဲခူးသို့ (၂၈၅)အိတ်၊ ပြည်သို့ (၆၀)အိတ်၊ တောင်ငူသို့ (၂၁၀)အိတ်၊ မိတ္ထီလာသို့ (၂၆၀)အိတ်၊ ကရင်ပြည်နယ် ဘားအံမြို့သို့ (၆၅၀)အိတ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)သို့ (၃၉၂၀)အိတ်၊ မွန်ပြည်နယ်သို့ (၃၃၉၅)အိတ်၊ မကွေးတိုင်းသို့(၂၇၅)အိတ်၊ ကချင်ပြည်နယ်သို့ (၁၅၀)၊ တနင်္သာရီတိုင်း မြိတ်/ထားဝယ်သို့  (၄၉၀)အိတ်၊ ဧရာဝတီတိုင်းသို့ (၅၅)အိတ် စုစုပေါင်း အိတ်ရေ (၄၄၅၈၈)၊ တန်အားဖြင့် (၂၂၂၉)တန် စီးထွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)