
ရွှေဘိုခရိုင်စားသုံးသူရေးရာကော်မတီအစည်းအဝေး(၁/၂၀၂၆)ကို ရွှေဘိုခရိုင်၊ အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာနရုံး အစည်းအဝေးခန်းမတွင် (၂၂.၉.၂၀၂၆)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ ရွှေဘိုခရိုင်စားသုံးသူရေးရာကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင် ပညာရေးမှူးရုံးမှတာဝန်ရှိများ စုစုပေါင်း(၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် ရွှေဘိုခရိုင် စားသုံးသူရေးရာကော်မတီဥက္ကဌ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက ဈေးကွက်အတွင်းရောင်းချသည့် ကုန်ပစ္စည်းများ စားသုံးရန်သင့်/ မသင့်ကို ရှောင်တခင်စစ်ဆေးပြီး စားသုံးရန်မသင့်သည့် ကုန်ပစ္စည်းများကို မရောင်းချရန်ပြောကြားရမည်ဖြစ်ကြောင်း၊ ဈေးကွက်အတွင်းရှိ စားသောက်ကုန်ပစ္စည်းများကို သေချာစွာစိစစ်ရန်လိုအပ်ကြောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများကလည်း ထဲထဲဝင်ဝင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင်ပညာရေးမှူးရုံးမှ တာဝန်ရှိသည့်ဝန်ထမ်းများအနေဖြင့် လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ သက်ဆိုင်သည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မိဘများနှင့် စားသုံးသူပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရွှေဘိုခရိုင် စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး ဦးဇော်မင်းသိန်းက ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ စားသုံးသူကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းတင်ပြခြင်း၊ အမှာစာများအားဖတ်ကြားခြင်းနှင့် အထက်ဌာနလမ်းညွှန်ချက်များ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသော ရွှေဘိုခရိုင်၊ စားသုံးသူရေးရာကော်မတီအဖွဲဝင်များက ဖြည့်စွက်ဆွေးနွေးမှုများအပေါ် ရွှေဘိုခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အစည်းအဝေးကို (၁၂:၂၀) နာရီ မိးနစ်ဆယ်အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
