စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးရှိ မုံရွာခရိုင်ဦီးစီးမှူး၊ ဒေါ်မိုးသီတာလင်း (ဦးစီးအရာရှိ)၊မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ သည် (၂၃.၉.၂၀၂၆) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မုံရွာမြို့ အ.ထ.က (၅) အထက်တန်းကျောင်း၌ ပညာသင်ကြားလျက်ရှိသော ဆရာ/ ဆရာမ (၅)ဦးခန့်နှင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၇၅)ဦီးခန့်အား ကုန်စည်များနှင့် ပတ်သက်၍ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ရာတွင် စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖေါ်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါကတိုင်ကြားနိုင်သည့် နစ်နာသည့် စားသုံးသူ၊ နစ်နာသည့်စားသုံးသူ၏ မိသားစုဝင်များ၊ နစ်နာသည့်စားသုံးသူနှင့်ဆက်နွယ်သော ပုဂ္ဂိုလ်များ၊ အစိုးရဌာနအဖွဲ့အစည်းများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များကတိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်မည့် နေရာများဖြစ်သည့် သက်ဆိုင်ရာဦးစီးမှူးရုံးရှိ CICCရုံးခန်း၊ Consumer Call Center(1535)နှင့် www.doca.gov.mmမှတစ်ဆင့်တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ်ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
