
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း ဓာတ်မြေဩဇာ အမျိုးအစားအလိုက် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိနှင့် ပစ္စည်းလက်ကျန်အခြေအနေတို့အား အောက်တိုဘာလ(၈)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်များရှိ ဓာတ်မြေဩဇာ အရောင်းဆိုင်များသို့ သက်ဆိုင်ရာဌာနများ ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဓာတ်မြေဩဇာအမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းလျက်ရှိသော အရောင်းဆိုင်များသို့ စစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ဖြင့် ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ဓာတ်မြေဩဇာ အမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော ဓာတ်မြေဩဇာအမျိုးအစားအလိုက် ဈေးနှုန်းများအား သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထား သောရည်ညွှန်းဈေးနှုန်းအတိုင်း ဖြန့်ဖြူးရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးနှင့် ဈေးနှုန်းမြှင့်တက်စေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဓာတ်မြေဩဇာအမျိုး အစားအလိုက် ယခင်ဈေးနှုန်း၊ ယခုဈေးနှုန်းနှင့် ပစ္စည်းလက်ကျန်အခြေအနေနှင့် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ အခြေအနေတို့အား စာရင်းကောက်ယူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
