
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော ဆေးနှင့် ဆေးဝါးများကို ဝယ်ယူသုံးစွဲနိုင်ရန်နှင့် စားသောက်ဆိုင်များတွင် သန့်ရှင်းသပ်ရပ်စွာ ရောင်းချစေရန် ရည်ရွယ်၍ (၁၂.၁၀.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိဆေးဆိုင်များနှင့် စားသောက်ဆိုင်များသို့သွားရောက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးက စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ဆေးဆိုင်များတွင် ဆေးဝါးအတုများ၊ စံမညီဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများအား ဈေးကွက်အတွင်းရောင်းချခြင်း ရှိ/မရှိစစ်ဆေးခြင်းနှင့် သက်တမ်းလွန်ဆေးဝါးများရှိပါကဆက်လက်မရောင်းချရန်၊ တရားဝင်တင်သွင်းထားသော ဆေးဝါးများကိုသာ ရောင်းချသွားရန် အသိပညာပေး ဈေးကွက်စောင့်ကြည့်စစ်ဆေးပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ လိုင်စင်သက်တမ်းများ သက်တမ်းလွန်/မလွန် ကြည့်ရှု့စစ်ဆေးခြင်း၊ စားသောက်ဆိုင်များတွင် ချက်ပြုတ်ရောင်းချသည့် အစားအသောက်များ သန့်ရှင်းလတ်ဆတ်မှုရှိ/ မရှိနှင့် အစားအသောက်ကိုင်တွယ် ချက်ပြုတ်သူများ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိစေရန် စားသုံးသူများအပေါ် ရိုင်းပျစွာဆက်ဆံခြင်းများမပြုလုပ်ရန် သက်ဆိုင်ရာအစိုးရဌာနများနှင့် ပူးပေါင်း၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
