ပဲကြီးသည် မြန်မာလူမျိုးတို့ ကြိုက်နှစ်သက်ကြသည့် သီးနှံတစ်မျိုးဖြစ်သည်။ ပဲကြီးကို ရင့်မှည့် စပြုသည့်အခြေအနေတွင် ပဲစိုအဖြစ် ချက်ပြုတ်စားသုံးပါက အလွန်ဆိမ့်လှသည်။ ပဲကြီးနှပ်၊ ပဲကြီး ဟင်းချိုအစရှိသဖြင့် အမျိုးမျိုးပြင်ဆင်စားသုံး တက်ကြသကဲ့သို့ ပဲကြီးလှော်သည်လည်း နှစ်သက်စရာ သရေစာတမျိုးဖြစ်သည်။ မြန်မာ့ရိုးရာအစားအစာတစ်မျိုးဖြစ်သည့် လက်ဖက်ပွဲတွင် ပါဝင်သော ပဲခြမ်း ကြော်သည်လည်း ပဲကြီးကိုပြုပြင်ထုတ်လုပ်သော အစားအစာဖြစ်သည်။ ထို့အပြင် နိုင်ငံတကာဈေး ကွက်တွင်လည်း ဝယ်လိုအားမြင့်မားသည့် သီးနှံတစ်မျိုးဖြစ်ကြောင်း လေ့လာသိရှိရသည်။
ပဲကြီးသီးနှံကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမှုများပြားပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် လျာထားချက်မှာ မိုး ၆,၃၀၀ ဧက၊ ဆောင်း ၅၈,၃၀၀ ဧက၊ စုစုပေါင်း ဧက ၆၄,၆၀၀ ရှိပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလလယ်အထိ ရေဦးခရိုင်တွင် ၁၅,၃၄၁ဧက၊ ယင်းမာပင်ခရိုင်တွင် ၁၄,၃၇၇ ဧက၊ မုံရွာခရိုင်တွင် ၁၃,၂၁၄ ဧက၊ စစ်ကိုင်းခရိုင်တွင် ၁၀,၆၀၃ ဧကနှင့် ကျန်ခရိုင်များတွင် ၁၁,၈၆၉ ဧက စုစုပေါင်း ၆၅,၄၀၄ ဧက စိုက်ပျိုးပြီးဖြစ်ရာ လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း၊၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ၆၅,၃၇၁ ဧက စိုက်ပျိုးခဲ့ရာမှ ယခုနှစ်တွင် ၆၅,၄၀၄ဧကစိုက်ပျိုးနိုင်ခဲ့သဖြင့် ယခင် နှစ်ကထက် ဧက ၃၀ ကျော် ပိုမိုစိုက်ပျိုးလာကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရ သိရှိရ ပါသည်။
ပဲကြီးသီးနှံကို စစ်ကိုင်းတိုင်းဒေသကြီးတွင် ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလများတွင် စိုက်ပျိုးပြီး၊ နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် ပေါ်ထွက်ပါသည်။ မိုးသီးနှံ ကို ၆၃၀၀ ဧက လျာထားခဲ့ရာမှ ၅၅၉၀ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလလယ်တွင် စိုက်ပျိုးခဲ့သည့် ဧက ၅၅၉၀ လုံးရိတ်သိမ်းပြီးစီးကြောင်း သိရပါသည်။ ဆောင်းသီးနှံကို အောက်တိုဘာလ၊ နိုဝင် ဘာလနှင့် ဒီဇင်ဘာလများတွင် စိုက်ပျိုးပြီး ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလများတွင် ရိတ်သိမ်းပါ ကြောင်း၊ လက်ရှိ သုံးတင်း ဝင်တစ်အိတ်လျှင် ငွေကျပ် ၂၂၆,၅၀၀ ဖြစ်ကြောင်း မုံရွာ ကုန်စည်ဒိုင် ဈေးနှုန်းသတင်းအရ သိရပါသည်။
ပဲကြီးသည် အဖြူရောင်ဖြစ်ပြီး များသောအားဖြင့် အရွယ်အစား တူညီလေ့ရှိကြသည်။ ပဲကြီး သည် ချိုဆိမ့်သောအရသာရှိသဖြင့် စွတ်ပြုတ်ပြုလုပ်ရာတွင် အသုံးပြုလေ့ရှိပြီး၊ ဟင်းသီးဟင်းရွက် ဟင်း အဖြစ်သော်လည်းကောင်း၊ ပဲအနှစ်အဖြစ်သော်လည်းကောင်း စားသုံးတတ်ကြသည်။ ပဲကြီးကို လှော်၍ဖြစ်စေ၊ ကျော်၍ဖြစ်စေ လက္ဘက်ရည်ကြမ်းဖြင့် တွဲဖက်၍ အမြည်းအဖြစ် စားသုံးတတ်ကြ သည်။ ပဲကြီးကို ကြာရှည်စွာ သိုလှောင်ထားပါက ပိုးကျလွယ်သောကြောင့် မကြာမကြာ ပိုးသတ်မှိုင်း တိုက်ပေးရန် လိုအပ်ပါသည်။ ပဲကြီးသည် အိန္ဒိယနိုင်ငံ၏ အဓိကအစားအစာ ဖြစ်သောကြောင့် ပဲကြီး သည် စီးပွားရေးအရ တွက်ခြေကိုက်သော သီးနှံဖြစ်လာသည်အလျောက် တစ်နှစ်ထက်တစ်နှစ် စိုက် ပျိုးမှု များပြားလာခဲ့ပါသည်။
ပဲကြီးအား ပဲစိုအဖြစ် ချက်ပြုတ်စားသုံးခြင်းကို စားသုံးသူပြည်သူများက ပိုမိုကြိုက်နှစ်သက်ပြီး ချက်ပြုတ်ရာတွင်လည်း လွယ်ကူသဖြင့် ပဲစို ခူးဆွတ်ရောင်းချကြကြောင်း၊ ပဲစို တစ်တင်းလျှင် ၁၂၀၀၀၀ ကျပ်ခန့် ရရှိသဖြင့် တောင်သူများအတွက်လည်း တွက်ခြေကိုက်သောကြောင့် ပဲအစိုကို ခူးဆွတ် ရောင်းချလျက်ရှိပါကြောင်း၊ ပဲကြီးအခြောက်ကို ရေစိမ်၍ လှော်ပြီး ပဲကြီးလှော်အဖြစ်လည်းကောင်း၊ ပဲဇံပြုလုပ်၍ ပဲကြီးကြော်အဖြစ်လည်းကောင်း အညာဒေသထွက် လက်ဆောင်များအနေဖြင့် ပြုလုပ် ရောင်းချသဖြင့် ပြည်တွင်းဈေးကွက်သာမက နိုင်ငံခြားဈေးကွက်ရှိသော သီးနှံဖြစ်သည့်အတွက် ဈေး ကွက် ဝယ်လိုအားရှိနေပြီး ဈေးကောင်းရနေသော ပဲကြီးသီးနှံကို ပိုမိုစိုက်ပျိုးလာပါကြောင်း တောင်သူအများစုထံမှ လေ့လာသိရှိရပါသည်။
DOCA(စစ်ကိုင်း)