စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါသည်။
ဖေဖော်ဝါရီလကုန်ပတ်တွင် ရွှေဘိုမြို့၌ ရောင်းချလျက်ရှိသော ဓာတ်မြေဩဇာဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ်(၁၅:၁၅:၁၅)ကွန်ပေါင်းဓာတ်မြေဩဇာ 50kg ပါ တစ်အိတ်လျှင် (၁၅၀၀၀ဝိ/-)ကျပ်၊ MCတံဆိပ်(၁၅:၁၅:၁၅)ကွန်ပေါင်းဓာတ်မြေဩဇာ 50kg ပါ တစ်အိတ်လျှင် (၁၃၂၀၀ဝိ/-)ကျပ်၊ ဇာမဏီတံဆိပ်(၁၃:၅:၇)ကွန်ပေါင်းဓာတ်မြေဩဇာ 50kg ပါ တစ်အိတ်လျှင် (၇၁၀၀ဝိ/-)ကျပ်၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓာတ်မြေဩဇာ 50kg ပါ တစ်အိတ်လျှင် (၉၂၅၀ဝိ/-)ကျပ်၊ ပန်းဖူးတံဆိပ် ဓာတ်မြေဩဇာ 50kg ပါ တစ်အိတ်လျှင် (၇၃၀၀ဝိ/-)ကျပ်ဖြစ်ပြီး ပိုးသတ်ဆေးဈေးနှုန်းများမှာ ရှောင်လင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 1Liter ပါ တစ်ဘူးလျှင် (၁၅၅၀ဝိ/-)ကျပ်၊ ဒီမွန် 1.8 တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 500cc ပါ တစ်ဘူးလျှင် (၁၂၅၀ဝိ/-)ကျပ်၊ ငှက်ကြီးတောင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 250cc ပါ တစ်ဘူးလျှင် (၂၈၅၀ဝိ/-)ကျပ်၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့် 1Liter ပါ တစ်ဘူးလျှင် (၂၉၅၀ဝိ/-)ကျပ်၊ အင်ဖာနိုတံဆိပ် ပင်လုံးပြန့် 500g ပါ တစ်ဘူးလျှင် (၉၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်ပပတ်နှင့်ယခုအပတ်ရောင်းချသည့် ဈေးနှုန်းများကို နှိုင်းယှဉ်ပါက ယခုအပတ်၌ MCတံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်းဓာတ်မြေဩဇာတစ်အိတ်လျှင် (၂၅၀ဝိ/-)ကျပ်၊ ပန်းဖူးတံဆိပ် ဓာတ်မြေဩဇာတစ်အိတ်လျှင် (၁၀၀ဝိ/-)ကျပ် ဈေးနှုန်းကျဆင်းခဲ့ပြီး ပိုးသတ်ဆေးဈေးနှုန်းများမှာ ယခင်ဈေးအတိုင်းငြိမ်နေကြောင်း ဓာတ်မြေဩဇာအရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)