ဝက်လက်မြို့နယ်၏ မတ်လ၊ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အနေဖြင့် မိုးစပါးကို ရွှေဘိုပေါ်ဆန်း၊ ဧရာမင်း၊ IR-747၊ မနော်ဟရီစသည့် စပါးအမျိုးအစားများစိုက်ပျိုးလျက်ရှိရာ အများဆုံးစိုက်ပျိုးဖြစ်သည့်စပါးများမှာ ရွှေဘိုပေါ်ဆန်းနှင့် ဧရာမင်းစပါးတို့ဖြစ်ကြပါသည်။ ၂၀၂၂ခုနှစ်နှင့် ၂၀၂၃ခုနှစ်တို့တွင် မိုးလေဝသအခြေအနေကောင်းမှုကြောင့် ရွှေဘိုပေါ်ဆန်း(၁)ဧကစိုက်ပျိုးရာတွင် (၈၅)တင်းကျော်ထွက်ရှိပြီး ဧရာမင်း(၁)ဧကစိုက်ပျိုးရာတွင် (၈၇)တင်းကျော်ထွက်ရှိ၍ အထွက်နှုန်းကောင်းမွန်ကြောင်း  သက်ဆိုင်ရာဌာန၏စာရင်းအရ သိရှိရပါသည်။

    ဝက်လက်မြို့နယ်၏ (၂၀၂၂-၂၀၂၃)ခုနှစ်တွင် မိုးစပါးရွှေဘိုပေါ်ဆန်းစိုက်ဧကမှာ (၇၀၃၉၉)ဧက၊ ဧရာမင်းစိုက်ဧကမှာ (၄၅၂၂)ဧကတို့စိုက်ပျိုးကြကြောင်း၊ ရွှေဘိုပေါ်ဆန်းစပါးပေါ်ချိန် ဈေးနှုန်းမှာ တင်း(၁၀၀)လျှင် (၁၆၀၀၀၀ဝိ/-)ကျပ်၊  ဆန်ဈေးနှုန်းမှာ (၂၄)ပြည်ပါ (၁)အိတ်လျှင်  (၅၅၀၀ဝိ/-)ကျပ်၊ ဧရာမင်း(စပါး)ပေါ်ချိန် ဈေးနှုန်းမှာ တင်း(၁၀၀)လျှင် (၁၀၀၀၀၀ဝိ/-)ကျပ်၊ ဆန်ဈေးနှုန်းမှာ (၂၄)ပြည်ပါ (၁)အိတ်လျှင် (၄၃၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊   မတ်လ၊ ဒုတိယပတ်တွင် ရွှေဘိုပေါ်ဆန်း(စပါး)တင်း(၁၀၀)လျှင် (၂၁၀၀၀၀ဝိ/-)ကျပ်ရှိပြီး၊ ဆန်ဈေးနှုန်းမှာ (၂၄)ပြည်ပါ (၁)အိတ်လျှင် (၇၃၀၀ဝိ/-)ကျပ်၊ ဧရာမင်း(စပါး)ဈေးနှုန်းမှာ တင်း(၁၀၀)လျှင် (၁၆၀၀၀၀ဝိ/-)ကျပ်ရှိပြီး ဆန်ဈေးနှုန်းမှာ (၂၄)ပြည်ပါ (၁)အိတ်လျှင် (၆၅၀၀ဝိ/)ကျပ်ရှိကြောင်း၊  ယခင်နှစ်ကာလတူဈေးနှုန်းမှာ ရွှေဘိုပေါ်ဆန်း(စပါး) တင်း(၁၀၀)လျှင် (၁၅၀၀၀၀ဝိ/-)ကျပ်၊ ဆန်(၂၄)ပြည်ပါ (၁)အိတ်လျှင် (၅၃၀၀ဝိ/-)ကျပ်၊ ဧရာမင်း(ဆန်)တင်း(၁၀၀)လျှင် (၉၀၀၀၀ဝိ/-)ကျပ်၊ ဆန် (၂၄)ပြည်ပါ (၁)အိတ်လျှင် (၄၃၀၀ဝိ/-)ကျပ်၊ ယခုနှစ်နှင့်နှိုင်းယှဉ်လျှင် ရွှေဘိုပေါ်ဆန်း(စပါး)တင်း(၁၀၀)လျှင် (၆၀၀၀၀ဝိ/-)ကျပ်နှင့် ဆန်(၁)အိတ်လျှင် (၂၀၀၀ဝိ/-)ကျပ်ခန့်မြင့်တက်ပြီး ဧရာမင်း(စပါး)တင်း(၁၀၀)လျှင် (၇၀၀၀၀ဝိ/)ကျပ်နှင့် ဆန်(၁)အိတ်လျှင် (၂၂၀၀ဝိ/-)ကျပ်ခန့်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

       ဝက်လက်မြို့နယ်သည် ဆန်ဖူလုံသည့်ဒေသဖြစ်ပြီး ပိုလျှံသည့်စပါး/ဆန်များကို အခြားတိုင်းဒေသကြီး/ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ဒေသခံဆန်စက်လုပ်ငန်းရှင်များအား ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)