“ရောင်းဝယ်မှုအားကောင်းနေသော စတော်ဘယ်ရီစျေးကွက်”

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်တွင် ခရီးသွားဧည့်သည်များ ဝင်ရောက်မှုများပြားလာသည်နှင့်အမျှ ဒေသထွက်ကုန်တစ်ခုဖြစ်သော စတော်ဘယ်ရီသီးနှံသည် ဇန်နဝါရီလလယ်မှစတင် ထွက်ပေါ်ပြီး ယခုဆိုလျှင် လှိုင်လှိုင်ပေါ်ထွက်လာ၍ ရောင်းအားအကောင်းဆုံးဖြင့် အကျိုးအမြတ်ရရှိ နေကြောင်းယခင်နှစ်တွင် စတော်ဘယ်ရီ စိုက်ဧက(၂၀၀)ဧကစိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် စတော်ဘယ်ရီ(၂၃၁)ဧက စိုက်ပျိုးခဲ့၍ စိုက်ဧက ပိုမိုများပြားလာကြောင်း ၊ သွင်းအားစုနှင့် အလုပ်သမားစရိတ်များလည်း နှစ်ဆကျော်ကုန်ကျလာကြောင်း တောင်သူအများစုမှာ မိရိုးဖလာအစဉ်အဆက် ဆက်လက်စိုက်ပျိုးနေကြောင်း ကုန်ကျစရိတ်အနေဖြင့် ယခုနှစ်တွင် စတော်ဘယ်ရီ (၁)ဧကလျှင် ကျပ်(၂၅-၃၀)သိန်းခန့်ကုန်ကျကြောင်း၊ အကျိုးအမြတ်အနေဖြင့် ကျပ် (၁၅-၂၀)သိန်းရှိပြီး စတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၇)လကျော်ကြာမြင့်ကြောင်းယခုနှစ် စတော်ဘယ်ရီ စျေးကွက်အနေဖြင့် စတင်ထွက်ပေါ်ချိန် ချိုမွှေးသီး(၁)ပိဿာလျှင်(၁၅၀၀၀/-)ကျပ်၊ရိုးရိုးအကျွတ်သီး (၁)ပိဿာလျှင်(၁၃၀၀၀/-)ကျပ်၊ ဖျော်ရည်သီး(ဒေသမျိုး) (၁)ပိဿာလျှင်(၁၂၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုလှိုင်လှိုင်ပေါ်ချိန်တွင် ချိုမွှေးသီး(၁)ပိဿာလျှင် (၁၂၀၀၀/-)ကျပ်၊ ရိုးရိုးအကျွတ်သီး (၁)ပိဿာလျှင်(၇၀၀၀/-)ကျပ် ၊ ဖျော်ရည်သီး(ဒေသမျိုး) (၁)ပိဿာလျှင်(၆၅၀၀/-) ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း စတော်ဘယ်ရီစိုက်​​တောင်သူများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)