“ကျောက်ဆည်ခရိုင်အတွင်း ရောင်းချနေသောအခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း မြို့နယ်များရှိ စည်ပင်သာယာဈေးများတွင် ၂၀၂၃ ခုနှစ် ၊ မတ်လ ဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များမှာ ဧယာပဒေသာဆန် (သစ်)တစ်ပြည် (၃၀၀ဝိ/-)ကျပ် ၊ ဧရာပဒေသာဆန် (သစ်) (၂၄)ပြည်  တစ်အိတ် လျှင်(၆၅၀၀ဝိ/-)ကျပ်၊မနောသုခဆန်(သစ်) တစ်ပြည်(၂၄၀ဝိ/-)ကျပ်၊ မနောသုခဆန်(သစ်) (၂၄)ပြည် တစ်အိတ်လျှင်(၅၇၀၀ဝိ/)ကျပ်၊ ခရမ်းချဉ်သီး(ရှမ်း) လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင်(၁၂၀ဝိ/-) ကျပ် ၊ ခရမ်းချဉ်သီး(ဗမာ) လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင်(၁၀၀ဝိ/-)ကျပ် ၊ ကြက်သွန်နီ(သစ်) လက်လီဈေးနှုန်းမှာ(ကြီး) တစ်ပိဿာလျှင်(၁၇၅ဝိ/-)ကျပ်၊ (လတ်) တစ်ပိဿာလျှင် (၁၈၀ဝိ/-) ကျပ်၊ (အသေး) တစ်ပိဿာလျှင်(၁၆၅ဝိ/-)ကျပ်၊ ကြက်သွန်ဖြူလက်လီ (ဗမာ) တစ်ပိဿာလျှင်(၅၀၀ဝိ/-) ကျပ်၊(ရှမ်း)တစ်ပိဿာလျှင်(၄၅၀ဝိ/-)ကျပ် ၊ အာလူးတစ်ပိဿာလျှင်(၂၂၀ဝိ/-)ကျပ် ၊ မန်ကျည်းသီး (ဟောင်း) တစ်ပိဿာလျှင် (၄၀၀ဝိ/-)ကျပ် ၊ မန်ကျည်းသီး(သစ်) တစ်ပိဿာလျှင် (၃၆၀ဝိ/-)ကျပ် ဂျင်းတစ်ပိဿာလျှင်(၂၀၀ဝိ/-)ကျပ် ၊ ဆားတစ်ပိဿာလျှင်(၅၀ဝိ/-)ကျပ်ဈေးနှုန်းများဖြင့် အရောင်း အဝယ်ဖြစ်လျှက်ရှိပါသည်။ ကျောက်ဆည်ခရိုင်၏ သား ၊ ငါး ဈေးနှုန်းများမှာ ကြက်သား(ဗမာ) တစ်ပိဿာလျှင်(၁၃၀၀ဝိ/-)ကျပ် ၊ ကြက်သား(CP) တစ်ပိဿာလျှင် (၁၀၀၀ဝိ/-) ကျပ် ၊ ဝက်သား တစ်ပိဿာလျှင်(၁၅၀၀ဝိ/-)ကျပ်၊ အမဲသား တစ်ပိဿာလျှင်(၁၅၀၀ဝိ/-)ကျပ်၊ ဆိတ်သားတစ်ပိဿာ လျှင်(၂၄၀၀ဝိ/-)ကျပ် နှင့် ငါးမြစ်ချင်း တစ်ပိဿာလျှင်(၉၀၀၀)ကျပ် ၊ ငါးကြင်း တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ငါးခေါင်းပွ တစ်ပိဿာလျှင်(၉၀၀၀)ကျပ်၊ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပြီး ဆီဈေးနှုန်းများအနေဖြင့် ပဲဆီသန့် တစ်ပိဿာလျှင် (၁၂၀၀ဝိ/-) ကျပ် ၊ နှမ်းဆီသန့် တစ်ပိဿာ လျှင်(၁၁၀၀ဝိ/-)ကျပ် ၊ နေကြာဆီသန့် တစ်ပိဿာလျှင်(၁၃၀၀၀) နှင့် စားဆီတစ်ပိဿာလျှင် (၇၀၀ဝိ/-)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။အခြေခံစားသောက် ကုန်များ၏ဈေးနှုန်းများအား ယခင်ဖေဖော်ဝါရီလ နောက်ဆုံးပတ်နှင့်နှိုင်းယှဉ်ပါက ကြက်သွန်နီ ၊ ခရမ်းချဉ်သီး ၊ မကျည်းသီးမှည့်ဈေးနှုန်းများမှာ အနည်းငယ်ကျဆင်း၍ ဆန်၊စားဆီနှင့် အသား၊ငါး ဈေးနှုန်းများ အနည်းငယ်မြင့်တက်ခဲ့ပြီး ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)