မုံရွာမြို့တွင် အိမ်ဆောက်ပစ္စည်းအရောင်းဈေးကွက်၌ ၂၀၂၃ခုနှစ်၊ မတ်လ ပထမပတ်တွင် သံချောင်းလုံး ဈေးနှုန်းနှင့် ဘိလပ်မြေဈေးနှုန်းများ အရောင်းအဝယ်သွက်လျက်ရှိရာ သံချောင်းလုံး ၃မူး တစ်တန် ကျပ် ၁၄၈၀၀၀၀၊ ၅ မူးတစ်တန် ကျပ် ၁၄၀၀၀၀၀ ၊ ၆ မူး တစ်တန် ကျပ် ၁၄၈၀၀၀၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဘိလပ်မြေဈေးကွက်၌ ကြံ့နှစ်ကောင် တစ်အိတ် ကျပ် ၉၀၀၀၊ အပါချီ တစ်အိတ် ကျပ် ၉၀၀၀၊ Crown တစ်အိတ် ကျပ် ၉၅၀၀ ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်းကို မုံရွာမြို့ရှိ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်များမှ စုံစမ်းသိရှိရသည်။
မုံရွာမြို့ရှိ ဓာတ်မြေဩဇာဈေးကွက်မှာမူ ပြန်လည်၍ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခု ၂၀၂၃ ခုနှစ်၊ မတ်လ ပထမအပတ်တွင် အာမို (၁၅:၁၅:၁၅) ၅၀kgပါ တစ်အိတ် ကျပ် ၁၄၈၀၀၀၊ နိုက်ထရိုဖော်စကာ(ဩဘာ) ၅၀kg တစ်အိတ်ကျပ် ၁၅၄၀၀၀ နှင့် ပန်းဖူး(ရွှေပျား)၅၀kgပါ တစ်အိတ် ကျပ် ၇၅၀၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။ ဆောက်လုပ်ရေး ပစ္စည်းဈေးနှုန်းနှင့် စိုက်ပျိုးရေးဆေး ဈေးနှုန်းများမှာ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် အနည်းငယ် ကျဆင်းသွားကြောင်း အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်များနှင့် စိုက်ပျိုးရေးဆေးဆိုင်များမှ သိရှိရပါသည်။
မုံရွာ (DOCA)