ကံမမြို့၊ မြို့မဈေးအတွင်းရောင်းချလျက်ရှိသော စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

     ကံမမြို့နယ်၊ တောင်ချောင်းဘက်ရှိ ကျေးရွာများမှ ကံမမြို့၊ မြို့မဈေးအတွင်းသို့ ကြက်သွန်နီ၊ ငရုတ်နှင့် ခရမ်းချဉ်သီးများဝင်ရောက်လျက်ရှိပြီး ကြက်သွန်ဖြူနှင့် အာလူးတို့မှာ ပြည်မြို့မှ မှာယူရောင်းချရကြောင်း စားဖိုဆောင်သီးနှံရောင်းချသည့် ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

     မတ်လ(ဒုတိယ)ပတ်တွင်ဖြစ်ပေါ်နေသော စားဖိုဆောင်သီးနှံဈေးနှုန်းများမှာ ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၁၃၀၀)၊ ကြက်သွန်ဖြူ(ရှမ်းစ) (၁)ပိဿာလျှင် ကျပ်(၄၂၀၀)၊ ချင်း(၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ငရုတ်သီး(ခြောက်)(၁)ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ငရုတ်သီး(အစို)(၁)ပိဿာလျှင် ကျပ်(၂၅၀၀)၊ အာလူး (၁)ပိဿာလျှင် ကျပ်(၂၅၀၀)၊ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၇၀၀)တို့ဖြစ်ပြီး မတ်လ ပထမပတ်နှင့်နှိုင်းယှဉ်လျှင် ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၃၀၀)နှင့် ကြက်သွန်ဖြူ(ရှမ်းစ) (၁)ပိဿာလျှင် ကျပ်(၂၀၀)ဈေးမြင့်ပြီး၊ အာလူး(၁)ပိဿာလျှင် ကျပ်(၃၀၀)နှင့် ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၂၀၀) စသည်ဖြင့် အသီးသီးဈေးနှုန်းလျော့ခဲ့ကြောင်း ဈေးရောင်းချသူ ဒေါ်သန်းဌေးထံမှသိရှိရပါသည်။

DOCA(မကွေး)