တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ သစ်သီးဆိုင်များတွင် စပျစ်သီးမျိုးစုံရောင်းချလျက်ရှိပါသည်။ စပျစ်ချွန်သီးများမှာ တစ်ပိဿာလျှင် ၇၅၀၀ ကျပ်မှ ၉၀၀၀ ကျပ်ထိဈေးရှိပြီး အကြီးအသေးပေါ်မူတည်၍ ဈေးနှုန်းမှာ အနည်းငယ်အပြောင်းအလဲရှိပါသည်။ ယိုးဒယားစပျစ်ဝိုင်းသီးများ မှာ တစ်ပိဿာလျှင် ၈၀၀၀ ကျပ်မှ ၉၅၀၀ ကျပ်ထိဈေးရှိပါသည်။ စပျစ်အစိမ်းသီးနှင့် အညိုသီးများမှာ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်မှ ၆၅၀၀ ကျပ်ထိဈေးနှုန်းအသီးသီးရှိပါသည်။ စပျစ်သီးအရောင်းအဝယ်မှာ ပုံမှန်အတိုင်းရောင်းချရလျက်ရှိကြောင်း သစ်သီးဆိုင်များထံမှသိရှိရပါသည်။
စပျစ်သီးစားသုံးပေးခြင်းအားဖြင့် စပျစ်သီးအတွင်း၌ပါရှိသော Vitamin C, Vitamin A နှင့် Vitamin K တို့ကြောင့် ကိုယ်တွင်းအင်္ဂါများ၏ ကျန်းမာရေးကိုကောင်းမွန်စေခြင်း၊ အစာကြေစေခြင်း၊ နှလုံးရောဂါဖြစ်ပွားမှုကို လျော့ကျစေနိုင်ခြင်း၊ အမျိုးသမီးများတွင် အဖြစ်များသောရင်သားကင်ဆာနှင့် အခြားကင်ဆာရောဂါများဖြစ်ပွားမှုမှကာကွယ်ပေးခြင်း စသည့် အကျိုးကျေးဇူးများရရှိသောကြောင့် လူကြီးလူငယ်မရွေးစားသုံးသင့်သော သစ်သီးဝလံတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)