“ဆောင်းပဲတီစိမ်းစိုက်ပျိုးမှုနှင့် စျေးကွက်အခြေအနေ”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ပဲတီစိမ်း(ဆောင်း)ကို (၂၀၂၁-၂၀၂၂ )ဘဏ္ဍာနှစ်တွင် (၅၀၃၆) ဧကစိုက်ပျိုးခဲ့ပါကြောင်း၊ ယခုနှစ် (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်၌ (၃၆၂၀)ဧကနှင့် မြစ်သားမြို့နယ်တွင် (၁၁၇၉) ဧက၊ စုစုပေါင်း (၄၇၉၉)ဧကစိုက်ပျိုးနိုင်ခဲ့ပါကြောင်းနှင့် စဉ့်ကိုင်မြို့နယ်တွင် စိုက်ပျိုးမှုမရှိပါကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။  ပဲတီစိမ်းမျိုးအနေဖြင့် ကျောက်စိမ်းမျိုး၊ ရေဆင် း(၁၁) မျိုးများကိုသာ အများဆုံးစိုက်ပျိုးကျပြီး တစ်ဧကလျှင် မျိုးစေ့ (၅-၆) ပြည်ခန့်ကုန်ကျကြောင်း၊ မျိုးစျေးနှုန်းအနေဖြင့် တစ်ပြည်လျှင် (၅၀၀၀/-) ကျပ်နှုန်းဖြင့်ဝယ်ယူစိုက်ပျိုးရပြီး တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ စုစုပေါင်း (၃၀၀၀၀၀/-) ကျပ်ခန့်ကုန်ကျကြောင်းသိရှိရပါသည်။ ပဲတီစိမ်း(ဆောင်း)ကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင်စိုက်ပျိုးကြပြီး ယခုအချိန်တွင် ပဲတီစိမ်းများအားလုံးနီးပါးရိတ်သိမ်းပြီးဖြစ်ပါသည်။ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၁၀-၁၂) တင်းခန့်ထွက်ရှိကြောင်း၊ ပဲတီစိမ်းစျေးနှုန်းအနေဖြင့် ကျောက်ဆည်ပွဲရုံများ၌ ပဲတီစိမ်းတစ်တင်းလျှင် (၅၂၀၀၀/-) ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေပြီး တစ်ဧကအကျိုးအမြတ်အနေဖြင့် (၂၂၀၀၀၀/-) ကျပ်ခန့်ရရှိကြောင်း တောင်သူတစ်ဦး၏ပြောပြချက်အရသိရှိရပါသည်။

DOCA(မန္တလေး)