
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် စက်မှုကုန်ကြမ်းသီးနှံတစ်မျိုးဖြစ်သည့်ဝါသီးနှံကို မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း စသည့်မြို့နယ်များတွင်စိုက်ပျိုးကြရာ ဝါသီးနှံကို မေ၊ ဇွန်လများတွင်စိုက်ပျိုးကြပြီး အောက်တိုဘာလမှ ဒီဇင်ဘာလအထိ လှိုင်လှိုင်ခူးဆွတ်ရပါသည်။ (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်၌ ဝါစိုက်ဧက (၃၂၈၆၇၄) ဧက၊ ရိတ်သိမ်းဧက (၃၁၈၆၇၃) ဧက၊ အထွက်နှုန်းမှာ (၁၂၄၀၈၄၇) ပိဿာထွက်ရှိကြောင်း၊ လက်ရှိတွင် မတ်လအတွင်းဖြစ်ပေါ်နေသောဝါစျေးနှုန်းမှာ တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ ဂွမ်းစျေးနှုန်းမှာ တစ်ပိဿာလျှင် (၇၃၀၀) ကျပ်စျေးရှိပြီး၊ ယခင် ဖေဖော်ဝါရီလအတွင်း ဝါစျေးနှုန်းမှာ တစ်ပိဿာလျှင် (၃၃၀၀) ကျပ်၊ ဂွမ်းတစ်ပိဿာလျှင် (၇၃၀၀) ကျပ်စျေးရှိကြောင်း၊ ယခင်လနှင့်ယခုလနှိုင်းယှဉ်လျှင် ဝါတစ်ပိဿာလျှင် (၃၀၀) ကျပ်ခန့် စျေးအနည်းငယ်ကျဆင်းပြီး ဂွမ်းစျေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။
လာမည့် (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင်လည်း မိုးကြိုဝါစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်သည့် အာမို B-31 စပ်မျိုးဝါများကို မိတ္ထီလာခရိုင်တွင် စိုက်ဧက (၈၀၀) ဧကစိုက်ပျိုးမည်ဖြစ်ရာ လိုအပ်သည့်မျိုစေ့များကို အခမဲ့ပေးအပ်ထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် သိရှိရပါသည်။
DOCA(မန္တလေး)