မိတ္ထီလာစျေးကွက်မှ ကြက်သွန်နီတင်ပို့မှု

Powered by Drupal

     မိတ္ထီလာစျေးကွက်တွင် ယခု ၂၀၂၃ခုနှစ်၊ မတ်လ ဒုတိယပတ်အတွင်း ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ကြက်သွန်နီစျေးနှုန်းမှာ မြင့်တက်လာသကဲ့သို့ နယ်ဝေးတင်ပို့မှုတွင်လည်း နယ်မြေကျယ်ပျံ့လာကြောင်းသိရပါသည်။ ယခင်က ရန်ကုန်မြို့နှင့် ပဲခူးမြို့သို့ ပုံမှန်တင်ပို့နေပြီး မော်လမြိုင်မြို့နှင့် မြဝတီမြို့တို့၌ စျေးကွက်အဝယ်ရှိမှသာ တင်ပို့ကြောင်း၊ ယခုအခါ တာချီလိတ်နယ်မှ အဝယ်လိုက်လာကြောင်း သိရပါသည်။

      မတ်လ ဒုတိယပတ်အတွင်း မိတ္ထီလာမှ ရန်ကုန်သို့ ကုန်ချိန်တန် (၅၀) ခန့်၊ ပဲခူးသို့ တန် (၂၀) ခန့်၊ မော်လမြိုင်သို့ (၁၄) တန်ခန့်နှင့် ယခုတစ်ပတ်မှစ၍ တာချီလိတ်သို့ ကုန်ချိန် တန် (၅၀) ခန့်တင်ပို့နိုင်ခဲ့ကြောင်း  သိရပါသည်။

          ကုန်တင်ခမှာ တစ်ပိဿာလျှင် ရန်ကုန်သို့ (၁၀၅) ကျပ်ဖြင့် ယခင်တစ်ပတ်အောက် (၅) ကျပ်ကျဆင်းလာသော်လည်း ပဲခူးသို့တင်ပို့ခမှာ တစ်ပိဿာလျှင် (၁၀၀) ကျပ်၊ မော်လမြိုင်သို့တင်ပို့ခမှာ တစ်ပိဿာလျှင် (၁၄၀) ကျပ်နှင့် စျေးငြိမ်နေပြီး ယခုတစ်ပတ်မှစတင်၍  တာချီလိတ်သို့တင်ပို့ခမှာ တစ်ပိဿာလျှင် (၂၅၀) ကျပ်ရှိကြောင်းသိရပါသည်။ နယ်လက်အဝယ်လိုက်သဖြင့် ကြက်သွန်နီစျေးနှုန်းမှာ လက်ကားစျေးတစ်ပိဿာလျှင် ယခင်တစ်ပတ်၌ (၉၀၀ မှ ၉၂၅) ကျပ်ရှိခဲ့ပြီး၊ ယခုပတ်၌ (၁၀၀၀ မှ ၁၁၀၀) ကျပ်ထိစျေးမြင့်လာကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)