ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် မတ်လ (၁၅) ရက်နေ့မှ မတ်လ (၂၁) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ မြစ်သားမှ ပဲမြစ် တစ်ပိဿာ အလုံးကြီး ကျပ် ၂၅၀၀၊ အလုံးလတ် ကျပ် ၂၀၀၀၊ အလုံးသေး ကျပ် ၁၅၀၀၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ အလုံးကြီးတစ်ခြင်း ၅ ပိဿာပါ ကျပ် ၁၅၀၀၀ ၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ အလုံးကြီး တစ်ဗူး ၁၈ ကျပ်သားပါ ကျပ် ၅၀၀၊ ကျောင်းကုန်း၊ ရေကြည်၊ အသုတ်မှ ဖရဲသီး (855) အလုံးကြီး ကျပ် ၂၅၀၀၀ ၊ အလုံးလတ် ကျပ် ၂၀၀၀၀ ၊ အလုံးသေး ကျပ် ၁၅၀၀၀ မှ ၁၀၀၀၀ ၊ ဘားအံ၊ ပြည်၊ မော်လမြိုင်မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၆၀၀၀ ၊ အလုံးလတ် ကျပ် ၄၀၀၀ ၊ အလုံးသေး ကျပ် ၂၀၀၀ ၊ မှော်ဘီ၊ တိုက်ကြီးမှ မာလကာသီး အလုံးကြီး ကျပ် ၆၀၀၊ အလုံးလတ် ကျပ် ၅၀၀၊ အလုံးသေး ကျပ် ၄၀၀၊ သီပေါ မှ နာနတ်သီး အလုံးကြီး ကျပ် ၁၁၀၀ ၊ အလုံးလတ် ကျပ် ၉၀၀ ၊ အလုံးသေး ကျပ် ၆၀၀ ၊ တွံတေးမှ သခမသီး အလုံးကြီးတစ်ခြင်း ၂၀ လုံးမှ ၃၅ လုံးပါ ကျပ် ၁၈၀၀၀၊ အလုံးလတ် ၄၀ လုံးမှ ၄၅ လုံးပါ ကျပ် ၁၆၀၀၀၊ အလုံးသေး ၆၀ လုံးမှ ၈၀ လုံးပါ ကျပ် ၁၄၀၀၀၊ မော်လမြိုင်မှ ကျွဲကောသီး အလုံးကြီး ကျပ် ၂၅၀၀၊ အလုံးလတ် ကျပ် ၂၀၀၀ ၊ အလုံးသေး ကျပ် ၁၆၀၀ ၊ အောင်ပန်းမှ လိမ္မော်သီး ၁ လုံး အလုံးကြီး ကျပ် ၃၅၀၊ အလုံးလတ် ကျပ် ၂၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။
DOCA(ရန်ကုန်)