ယခင်အပတ်ထက်ဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်နေသော ကုလားပဲ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ မတ်လ(တတိယပတ်)အတွင်း ရွှေဘိုမြို့၊ ပဲ၊ နှမ်းကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်သည့်သီးနှံများကို တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သိရှိရပါသည်။

     ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များတွင် စိုက်ပျိုးထားသောကုလားပဲများမှာ ဖေဖော်ဝါရီလ(တတိယပတ်)မှစတင်၍ ရွှေဘိုဈေးကွက်သို့ဝင်ရောက်လာပြီး မတ်လ(တတိယပတ်)အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ရွှေဘိုဈေးကွက်သို့ မူးမြစ်ဝှမ်းဒေသများဖြစ်သည့် ဝက်လက်မြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့၏ အနောက်ဘက်ခြမ်းရှိကျေးရွာများမှ အများဆုံးဝင်ရောက်လျက်ရှိပြီး ယခင်အပတ်ထိ ကုလားပဲ(V2) တစ်မျိုးတည်းသာ အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ယခုအပတ်တွင် ကုလားပဲ(V2)နှင့် ကုလားပဲ(929)တို့ပါ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  မတ်လ(တတိယပတ်) အတွင်း အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ကုလားပဲ(V2)တစ်တင်းလျှင် (၆၉၀၀ဝိ/-)ကျပ်ဖြစ်၍ အရောင်းအဝယ်ဖြစ်မှုမှာ (၁၁၂၅)တင်း/(၃၅)တန်ဖြစ်ပြီး ကုလားပဲ(929)တစ်တင်းလျှင် (၆၆၆၆ဝိ/-) ကျပ်ဖြစ်၍ အရောင်းအဝယ်ဖြစ်မှုမှာ (၁၅၀၀)တင်း/(၄၇)တန်ဖြစ်ကြောင်း၊ ကုလားပဲသီးနှံအနေဖြင့် ယခင်နှစ်ကာလတူတွင် အရောင်းအဝယ်ဖြစ်ခြင်းမရှိကြောင်း၊  ယခင်အပတ်နှင့် ယခုအပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်လျှင် ယခင်အပတ်၌ ကုလားပဲ(V2) တစ်တင်းလျှင် (၆၂၃၀ဝိ/-)ကျပ်ဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် တစ်တင်းလျှင် (၆၇၀ဝိ/-)ကျပ်ဈေးပိုခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)