ဝက်လက်မြို့နယ်၏ မတ်လ (တတိယပတ်) တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်း

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၏ ၂၀၂၃ခုနှစ်၊ မတ်လ (တတိယပတ်) တွင် ဖြစ်ပေါ်နေသောစပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါးတင်း(၁၀၀)လျှင် (၂၁၅၀၀၀ဝိ/-)ကျပ်ရှိပြီး၊ ဆန်ဈေးနှုန်းမှာ (၂၄)ပြည်ပါ (၁)အိတ်လျှင် (၈၀၀၀ဝိ/-) ကျပ်၊ ဧရာမင်းစပါးဈေးနှုန်းမှာ တင်း(၁၀၀)လျှင် (၁၇၂၀၀၀ဝိ/-)ကျပ်ရှိပြီး ဆန်ဈေးနှုန်းမှာ (၂၄)ပြည်ပါ (၁)အိတ်လျှင် (၆၈၀၀ဝိ/)ကျပ်ရှိကြောင်း၊ ယခင်ဒုတိယပတ် စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါးတင်း(၁၀၀)လျှင် (၂၁၀၀၀၀ဝိ/-)ကျပ်၊  ဆန်ဈေးနှုန်းမှာ (၂၄)ပြည်ပါ (၁)အိတ်လျှင် (၇၃၀၀ဝိ/-)ကျပ်၊ ဧရာမင်းစပါးဈေးနှုန်းမှာ တင်း(၁၀၀)လျှင် (၁၆၀၀၀၀ဝိ/-)ကျပ်ရှိပြီး ဆန်ဈေးနှုန်းမှာ (၂၄)ပြည်ပါ (၁)အိတ်လျှင် (၆၅၀၀ဝိ/)ကျပ်ရှိကြောင်း၊ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်တွင် ရွှေဘိုပေါ်ဆန်းစပါးတင်း(၁၀၀)လျှင် (၅၀၀၀ဝိ/-)ကျပ်၊ ဆန်ဈေးနှုန်းမှာ (၂၄)ပြည်ပါ (၁)အိတ်လျှင် (၇၀၀ဝိ/-)ကျပ်ခန့်မြင့်တက်လာပြီး ဧရာမင်းစပါးဈေးနှုန်းမှာ တင်း(၁၀၀)လျှင် (၁၂၀၀၀ဝိ/-)ကျပ်နှင့် ဆန်(၁)အိတ်လျှင် (၃၀၀ဝိ/-)ကျပ်ခန့်မြင့်တက်လျက်ရှိကြောင်း ဒေသခံ ဆန်စက်လုပ်ငန်းရှင်အား ချိတ်ဆက်မေးမြန်းမှုအရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)