ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၂၃ခုနှစ်၊ မတ်လ (တတိယပတ်) အတွင်း ဓာတ်မြေဩဇာဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်း၊ လူသုံးများသည့်အမှတ်တံဆိပ်များနှင့် ဈေးနှုန်းများမှာ ရွှေတောင်ပုလဲ ၅၀ကီလိုဂရမ်ပါ တစ်အိတ်လျှင် (၉၀၀၀၀)ကျပ်၊ အာမိုပုလဲ(ဓာတ်စာ) ၅၀ကီလိုဂရမ်ပါ တစ်အိတ်လျှင် (၁၄၀၀၀၀)ကျပ်၊ လှည်းယှဉ်(၁၀:၁၀:၅) ၅၀ကီလိုဂရမ်ပါ တစ်အိတ်လျှင် (၈၅၀၀၀) ကျပ်ဖြင့် အသီးသီးဈေးနှုန်းမြင့်တက်လာလျက်ရှိကြောင်း ပိုးသတ်ဆေးဈေးနှုန်းမှာလည်း အလားတူမြင့်တက်လျက်ရှိရာ ငှက်ကြီးတောင် (၁၀၀)စီစီတစ်ဘူးလျှင် (၁၈၀၀၀)ကျပ်၊ ALARM (၁၅) WP ၁၀၀၀ဂရမ်တစ်ဘူးလျှင် (၁၄၀၀၀)ကျပ်၊ ဖို့(စ်)တင်းအီးစီ(၁၀၀)စီစီတစ်ဘူးလျှင် (၄၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)