စစ်ကိုင်းတိုင်းဒေသကြီးရှိ ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူနှင့် ရွှေဘိုခရိုင်များအနေဖြင့် ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း ဆန် တစ်မျိုးသာ ဈေးအနည်းငယ်တက်နေပြီး၊ ကျန်ခရိုင်များတွင် ဈေးအေးနေကြောင်း သိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မတ်လ(စတုတ္တ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်း များမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး) (သစ်) တင်း ၁၀၀လျှင် ကျပ်(၂၁၅၀၀၀၀)၊ ပေါ်ဆန်း(ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင်(၈၀၀၀၀)ကျပ်၊ ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀လျှင် ကျပ်(၁၆၆၀၀၀၀)၊ ဧရာမင်း (ဆန်) (သစ်) ၂၄ ပြည်ပါ တစ် အိတ် ကျပ် ၆၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
ရေဦးခရိုင်၊ ရေဦးမြို့နယ်တွင် ပေါ်ဆန်း (စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၂၁၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်) တစ်အိတ်လျှင်ကျပ် ၇၀၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ၁၆၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်)၂၄ ပြည် ပါ တစ်အိတ်လျှင် ၆၀၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး)(သစ်) တင်း၁၀၀ လျှင် ၁၄၀၀၀၀၀၊ ဧည့်မထ (ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၅၀၀၀၀၊ ငစိန်(စပါး)(သစ်)တင်း၁၀၀လျှင် ၁၃၀၀၀၀၀၊ ငစိန် (ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ၄၅၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၆၀၀၀၀၀၊ ဧရာမင်း(ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ်၁၂၀၀၀၀၀၊ မှော်ဘီ(၂)(သစ်) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၆၀၀၀၀၊ ဆင်းဧကရီ(၃)(စပါး) (သစ်) တင်း၁၀၀ လျှင် ကျပ် ၁၂၀၀၀၀၀၊ ဆင်းဧကရီ-၃(သစ်) ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၆၀၀၀၀၊ ဧရာမင်း (စပါး) (သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၅၀၀၀၀၀၊ ဧရာမင်း(ဆန်)(သစ်) ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၇၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၈၀၀၀၀၀၊ ဧရာမင်း (ဆန်) (သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၇၀၀၀၀၊ ပေါ်ဆန်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၁၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၇၅၀၀၀၊ မနောသုခ(စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၁၃၀၀၀၀၀၊ မနောသုခ (ဆန်)(သစ်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၅၆၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၆၀၀၀၀၀၊ ဧရာ မင်း(ဆန်)(သစ်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၅၀၀၀၊ ပေါ်ဆန်း(စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၂၀၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၇၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ မတ်လ (တတိယ)ပတ်တွင် ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၁၀၀၀၊ မန္တလေးသို့ အိတ်ရေ ၈၂၂၀၀၊ မကွေး သို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၉၀၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၉၀၀၀၊ ကချင်သို့ အိတ်ရေ ၁၅၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၆၆၈၀၀)အိတ်၊ တန်အားဖြင့် (၈၃၄၀)စီးထွက်ခဲ့ပြီး၊ ယခု မတ်လ (စတုတ္တ)ပတ်တွင် စစ်ကိုင်းတိုင်း ဒေသ ကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၈၀၀၀၊ မန္တလေး သို့ အိတ်ရေ ၆၀၂၀၀၊ မကွေး သို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၉၀၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၉၀၀၀၊ ကချင်သို့ အိတ်ရေ ၁၀၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၃၆၈၀၀)အိတ်၊ တန်အားဖြင့် (၆၈၄၀)စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၃၀၀၀၀) တန်အားဖြင့် (၁၅၀၀) လျော့နည်းစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)