သရက်မြို့၌ စားဖိုဆောင်သီးနှံဖြစ်သော ခရမ်းချဉ်သီးကို စိုက်ပျိုးသောတောင်သူများမှာ ကြာကွက်သီး (ခေါ်) ဗမာသီးနှင့် ထိုင်ဝမ်သီး စသည့်ဖြင့် အမျိုးအစား(၂)မျိုး စိုက်ပျိုးကြပါသည်။ စားဖိုဆောင်သီးနှံများအနက်မှ ခရမ်းချဉ်သီးမှာ ရာသီအချိန်အခါမရွေးစိုက်ပျိုးနိုင်ခြင်းကြောင့် မိသားစုအပိုဝင်ငွေရရှိသောသီးနှံဖြစ်သည့်အပြင် ဟင်းချက်ရာတွင်သာမက ဈေးတွင်လည်း ရောင်းချနိုင်သည့်အတွက် ကုန်ကျစရိတ်ကို အတော်အသင့်ထိန်းသိမ်းရာရောက်ပါသည်။
မျိုးစေ့များကို ပြည်၊ အောင်လံ၊ မင်းဘူးနှင့် သရက်မြို့များမှ ဝယ်ယူပါကြောင်း၊ ဖေဖော်ဝါရီလတွင် စတင်စိုက်ပျိုးပြီး မေလကုန်တွင် ခူးဆွတ်လေ့ရှိကြကြောင်း၊ ပျိုးထောင်ရာတွင် ရက်ပေါင်း(၂၀-၂၅) ရက်ကြာအောင်ပျိုးထောင်ရပါကြောင်း၊ (၂)လခန့်ကြာအောင်ရေသွင်းစိုက်ပျိုးရပါကြောင်း၊ (၀.၂၅) ဧကတွင် အပင်ရေ(၆၀၀)ခန့်စိုက်ပျိုးထားပါကြောင်း၊ မတ်လ(စတုတ္ထ)ပတ်တွင် အပင်သက်တမ်းမှာ (၁)လသားအရွယ်ရောက်ရှိပြီဖြစ်ပါကြောင်း၊ ရက်ပေါင်း(၈၅)ရက်အကြာတွင် စတင်ခူးဆွတ်နိုင်ပြီဖြစ်ပါကြောင်း၊ အထွက်နှုန်းမှာ(၁)ပင်လျှင် (၂၀)ကျပ်သားရရှိပြီး (၁)နေ့လျှင် (၂)ပိဿာခန့်ရရှိမည်ဟု ခန့်မှန်းထားပါကြောင်း၊ ယခု ၂၀၂၃ခုနှစ်၊ မတ်လ (စတုတ္ထ)ပတ်တွင် ခရမ်းချဉ်သီးမှာ (၁)ပိဿာလျှင် ကျပ်(၁၆၀၀-၂၀၀၀)ဖြင့် ယခင်(တတိယ)ပတ်ထက် ကျပ်(၅၀-၁၀၀)ဝန်းကျင်ခန့် ဈေးနှုန်းမြင့်တက်လာပါကြောင်း၊ ဈေးကွက်အနေဖြင့် ရရှိလာသောခရမ်းချဉ်သီးများကို သရက်မြို့၊ စည်ပင်သာယာဈေးတွင်သာမက အခွန်လွတ်ဈေးများနှင့် အနီးအနားရှိကျေးရွာများဖြစ်သော တုတ်ကိုင်း၊ သရက်မြင့်၊ တဇီးကောက်နှင့် ငလှိုင်ခြုံကျေးရွာများသို့ တင်ပို့ရောင်းချလေ့ရှိပါကြောင်း အနောက်ရပ်တောင်ပိုင်းရပ်ကွက်ရှိ မြန်မာခြံကျေးရွာ၌ ခရမ်းချဉ်သီးစိုက်တောင်သူ ဒေါ်ဆွေဆွေအေးထံမှ သိရှိရပါသည်။
DOCA(မကွေး)