မုံရွာမြို့တွင် စားဖိုဆောင်သီးနှံဖြစ်သော ငရုတ်သီးကို ဒေသတွင်း လက်လီ/လက်ကားသမားများဖြင့်သာ အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိပါသည်။ ငရုတ်သီးခြောက်ကို မုံရွာမြို့ရှိ ပွဲရုံများမှ တစ်ဆင့်ဈေးများ၊ ကုန်စုံဆိုင်များ၊ ကျေးရွာများသို့ လက်လီ/လက်ကားရောင်းချကြောင်း သိရှိရပါသည်။ မုံရွာမြို့တွင်စိုက်ပျိုးသော မိုးမျှော်ငရုတ်သီးခြောက်ဈေးမှာ ယခင်ဖေဖော်ဝါရီလတွင် ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင် ကျပ် ၁၈၀၀၀၊ လက်လီဈေးမှာ တစ်ပိဿာလျှင် ကျပ် ၂၀၀၀၀-၂၁၀၀၀မှ ယခု မတ်လစတုတ္ထအပတ်တွင် ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင် ကျပ် ၁၄၀၀၀၊ လက်လီဈေးမှာ တစ်ပိဿာလျှင် ကျပ် ၁၅၀၀၀-၁၆၀၀၀ အထိ ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငရုတ်စိုက်တောင်သူများထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)