မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်း ပြောင်းလဲမှု အခြေအနေ

Powered by Drupal

         မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ်ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရ သိရသည်။

မတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မတ်လ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၃၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် နှစ်သောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀မှ ၃၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မတ်လ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၃၄၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၀၃၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် နှစ်သောင်းခွဲကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၅မှ ၃၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မတ်လ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၃၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် သုံးသောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၅မှ ၃၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မတ်လ၊ စတုတ္တပတ်တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၄၂၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၈၀၀၀၊ ၉၂၉  တစ်တင်းလျှင် ကျပ် ၄၀၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၈၀၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၄၂၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၇၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခွဲကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၄၀ မှ ၅၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်းသိရသည်။

စွန်တာနီ/ပြာ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မတ်လ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၂၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၈၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် ငါးထောင်ကျော် ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၂၅ မှ ၃၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ထောပတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မတ်လ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၁၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၂၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် လေးသောင်းကျော် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၂၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မတ်လ၊ စတုတ္တပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၆၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ စတုတ္တပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၂၀၁၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် လေးထောင်ခန့် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၃၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မတ်လ၊ စတုတ္တပတ်တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၃၄၅၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ စတုတ္တပတ်တွင် တစ်ပိဿာလျှင် ကျပ် ၇၂၀၀၊ မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၃၇၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ စတုတ္တပတ်တွင် တစ်ပိဿာလျှင် ကျပ် ၆၂၀၀၊ တစ်ပိဿာလျှင် ကျပ် နှစ်ထောင်ကျော် မှ လေးထောင်ခန့်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၃၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

နှမ်းမျိုးစုံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မတ်လ၊ စတုတ္တပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၇၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ စတုတ္တပတ်တွင် တစ်တင်းလျှင် ကျပ် ၉၅၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၆၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ စတုတ္တပတ်တွင် တစ်တင်းလျှင် ကျပ် ၁၀၅၀၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၅၂၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ စတုတ္တပတ်တွင် တစ်တင်းလျှင် ကျပ် ၈၅၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခွဲမှ လေးသောင်းခွဲအထိ ပိုမိုခဲ့သည်။ တစ်ရက် လျှင် အိတ်ရေ ၃၀မှ ၄၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်များစာရင်းအရ သိရသည်။

DOCA(စစ်ကိုင်း)