တနင်္သာရီတိုင်းဒေသကြီးရှိ ရော်ဘာနှင့် သီဟိုဠ်စျေးကွက်အခြေအနေ

Powered by Drupal

      တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာနှင့် သီဟိုဠ်များကို အဓိကထားစိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ ရော်ဘာစိုက်ပျိုးသည့်ဧရိယာမှာ (၃၅၁၇၇၇) ဧက၊ အစေးလှီးဧရိယာမှာ (၂၀၂၇၁၉) ဧက၊ အထွက်နှုန်းမှာ (၅၂၀.၂၁) ပေါင်ရှိပြီး တစ်နှစ်စာပျှမ်းမျှအထွက်တန်မှာ (၄၇၈၃၄) မက်ထရစ်တန်ရှိကြောင်း သိရှိရပါသည်။

    မှိုင်းခံရော်ဘာတွင်  RSS-1၊ RSS-2၊ RSS-3၊ RSS-4၊ RSS-5 ဟူ၍ အဆင့်သတ်မှတ်ချက် (၅ ) မျိုးရှိပါသည်။ ယခုလက်ရှိ တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် RSS-3 နှင့် RSS-5 ( ၂ ) မျိုးသာ အဓိကအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ယခုအပတ်၌   ရော်ဘာစျေးနှုန်းမှာ RSS-3 တစ်ပေါင်လျှင် ကျပ် ၁၄၂၀ နှုန်း၊ RSS-5 တစ်ပေါင်လျှင် ကျပ် ၁၃၂၀ နှုန်းပေါက်ဈေးရှိပြီး RSS-3 သည် RSS-5 ထက် အပြစ်အနာအဆာကင်းသောကြောင့် ဈေးကောင်းပိုရလျက်ရှိကြောင်း သိရှိရပါသည်။ သီဟိုဠ်စေ့တွင် အခွံမချွတ်ရသေးသောအပင်မှဆွတ်ခူးသော အသီးအကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီးသော အချောစျေးဟူ၍ စျေးနှုန်း(၂)မျိုးရှိပြီး သီဟိုဠ်စေ့စျေးနှုန်းမြင့်တက်လျက်ရှိရာ သီဟိုစေ့အကြမ်းတစ်ပိဿာလျှင် ၄၅၀၀ကျပ်ရှိပြီး သီဟိုဠ်စေ့အချောတစ်ပိဿာလျှင် ၃၂၀၀၀ကျပ်ဖြစ်ကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်တွင် ရော်ဘာစျေးနှုန်းအနေဖြင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက စျေးနှုန်းတည်ငြိမ်လျက်ရှိပါကြောင်း၊ ရော်ဘာကို ကော့သောင်းနှင့် ထိုင်းဘက်သို့ အများဆုံးတင်ပို့လျက်ရှိကြောင်းနှင့် ယခုအခါ  ထားဝယ်မှကော့သောင်းသို့ (ကားခ)သယ်ယူပို့ဆောင်ခမှာ တစ်တန်လျှင် (၁၈၀၀၀၀−၂၀၀၀၀၀) ကျပ်နှုန်းရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)