ဆောင်းကြက်သွန်နီဈေးနှုန်းဈေးကွက်နှင့် တင်ပို့မှုအခြေအနေ

Powered by Drupal

     မြင်းခြံခရိုင်တွင် ဆောင်းကြက်သွန်နီကို အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် စတင်စိုက်ပျိုးခဲ့ပြီး ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလတို့၌ ရိတ်သိမ်းထွက်ပေါ်လေ့ရှိပါသည်။ ယခုအချိန်တွင် ဆောင်းကြက်သွန်နီ(ခေါ်) နွေကြက်သွန်နီများထွက်ပေါ်ဝယ်ယူသည့်ကာလဖြစ်ပါသည်။

      ဆောင်းကြက်သွန်နီဈေးနှုန်းများအနေဖြင့် ယခင်တစ်ပတ်(မတ်လ ဒုတိယပတ်)တွင် အကြီးတစ်ပိဿာလျှင်(၁၀၀၀ မှ ၁၂၀၀)ကျပ်ထိ၊ အလတ်တစ်ပိဿာလျှင်(၈၀၀ မှ ၉၀၀)ကျပ်ထိ၊ အသေးတစ်ပိဿာလျှင်(၆၀၀ မှ ၇၀၀)ကျပ်ထိဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါကြောင်း၊ မြင်းခြံဈေးကွက်သို့ ကြက်သွန်နီဝင်ရောက်မှုမှာ တစ်ရက်လျှင် ကုန်ချိန်(၃၂၀၀၀)ပိဿာကျော် နေ့စဉ်ဝင်ရောက်ခဲ့ကြောင်း၊ ယခု မတ်လ (တတိယပတ်) တွင်လည်း ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ယခင်အပတ်အတိုင်း ရောင်းဝယ်မှုဖြစ်ခဲ့ကြောင်း၊ ကုန်ချိန်ဝင်ရောက်မှုမှာ တစ်ရက်လျှင် (၆၃၀၀၀)ပိဿာကျော်ဝင်ရောက်လျက်ရှိကြောင်း၊ မြင်းခြံဈေးကွက်သို့ ကုန်ချိန်ဝင်ရောက်မှုမှာ ယခင်အပတ်ထက် ယခုအပတ်တွင် ကုန်ချိန်ပိဿာပေါင်း (၃၁၀၀၀)ကျော် နေ့စဉ်ဝင်ရောက်ခဲ့ပြီး ဈေးကွက်တင်ပို့မှုများမှာ ရန်ကုန်၊ နေပြည်တော်၊ မြဝတီနှင့် မော်လမြိုင်မြို့ကြီးများသို့ တင်ပို့ရောင်းချလေ့ရှိကြောင်း ကြက်သွန်နီကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)