၂၀၂၃ခုနှစ်၊ မတ်လ (စတုတ္ထအပတ်) တွင် မကွေးစျေးကွက်၌ စားဖိုဆောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီစျေးနှုန်းမှာ မတ်လ (တတိယအပတ်) တွင် ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၁၀၀၀-၁၁၀၀-၁၂၀၀)ဖြစ်ပြီး စတုတ္ထအပတ်တွင်လည်း ကျပ်(၁၀၀၀-၁၁၀၀-၁၂၀၀)ဖြစ်၍ စျေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း၊ ကြက်သွန်နီကို ရေနံချောင်း၊ ဆိပ်ဖြူမြို့တို့အပြင် မကွေးမြို့နယ်၊ ယင်းချောင်းအနီးရှိကျေးရွာများမှ မြို့ပေါ်ရှိပွဲရုံများသို့ ဝင်ရောက်လျက်ရှိကြောင်းနှင့် တစ်နေ့လျှင် ပိဿာ(၁၆၅၀၀)ခန့်ရောင်းချရပြီး တစ်ပတ်လျှင် တန်ချိန်(၁၆၃)တန်ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပွဲရုံပိုင်ရှင် ဦးစံကြည်ထံမှ သိရှိရပါသည်။
ရေနံချောင်းမြို့၌လည်း ဒေသထွက်ကုန်ဖြစ်သောကြက်သွန်နီစျေးနှုန်းမှာ မတ်လ (တတိယ အပတ်) တွင် ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ် (၉၀၀-၁၀၀၀-၁၁၅၀)ဖြစ်ပြီး စတုတ္ထအပတ်တွင်လည်း ကျပ်(၉၀၀-၁၀၀၀-၁၁၅၀)ဖြစ်၍ စျေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း၊ ကြက်သွန်နီကို ရခိုင်၊ ရန်ကုန်၊ ပြည်၊ အောင်လံတို့မှ ဝယ်ယူလျက်ရှိကြောင်းနှင့် တစ်နေ့လျှင် ပိဿာ(၃၀၀၀၀)ခန့်ရောင်းချရပြီး တစ်ပတ်လျှင် တန်ချိန်(၂၉၃)တန်ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)