သရက်မြို့တွင် ကြက်သွန်နီထွက်ရှိမှုနှင့် ဈေးနှုန်းအခြေအနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၌ ကြက်သွန်နီများအား နှစ်စဉ်အောက်တိုဘာလတွင် စတင်ပျိုးကြဲကြ၍ ပျိုးပင်များအား (၄၅)ရက်သားရလျှင် မြေပြုပြင်ထားသောနေရာတွင် အကန့်၊ ဘောင်များပြုလုပ်၍ ရေသွင်းစိုက်ပျိုးကြပါသည်။ ဖေဖော်ဝါရီလ (ပထမပတ်) မှစတင်၍ ဧပြီလ (ပထမပတ်) အထိသည် ကြက်သွန်နီဥတူးဖော်ချိန်ဖြစ်ပါသည်။

     သရက်မြို့နယ်တွင် ကြက်သွန်နီထွက်ရှိချိန်မဟုတ်သောကာလများ၌ မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသဖြစ်သော ပခုက္ကူမြို့နယ်နှင့် ဆင်ဖြူကျွန်းမြို့နယ်တို့မှထွက်ရှိသော ကြက်သွန်နီများဝင်ရောက်လျက်ရှိပါသည်။ ၎င်းအချိန်များတွင် ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၃၀၀၀မှ ၃၅၀၀)ထိ ရှိခဲ့ပြီး သရက်မြို့နယ်အတွင်း စတင်တူးဖော်ချိန်ကာလများတွင် ကြက်သွန်နီဈေးနှုန်းမှာ (၁)ပိဿာလျှင် ကျပ်(၁၅၀၀မှ ၁၈၀၀)ထိရှိခဲ့ပါကြောင်း၊ ယခု ၂၀၂၃ခုနှစ်၊ မတ်လ (တတိယပတ်) အတွင်း ကျပ် (၁၁၀၀မှ ၁၀၀၀)ထိ ဈေးနှုန်းများလျော့ကျခဲ့ပါကြောင်းနှင့် မြန်မာနိင်ငံအောက်ပိုင်းဒေသဖြစ်သော ပြည်မြို့၊ ရန်ကုန်မြို့နှင့် ဟင်္သာတမြို့များသို့ တင်ပို့ရောင်းချလျက်ရှိပါကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)