မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများအခြေအနေ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဈေးများတွင် ၂၀၂၃ခုနှစ်၊ မတ်လ (စတုတ္ထပတ်) အတွင်း ‌ရွှေဘိုပေါ်ဆန်း(သစ်)တစ်အိတ်လျှင် ၈၀၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(သစ်)တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်၊ ဧည့်မထဆန်(သစ်)တစ်အိတ်လျှင် ၅၀၀၀၀ ကျပ်၊ ပဲဆီတစ်ပိဿာလျှင် (၁၂၄၅၀-၁၂၅၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၆၇၀၀-၆၇၅၀)ကျပ်၊ ဆားတစ်ပိဿာလျှင် (၆၀၀-၇၀၀) ကျပ်၊ ငရုတ်ခြောက်တစ်ပိဿာလျှင် (၁၈၀၀၀ မှ ၁၉၀၀၀)ကျပ်ထိ၊ ကြက်သွန်နီ(အသစ်)တစ်ပိဿာလျှင် (၁၀၀၀ မှ ၁၂၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူ(ရှမ်းစ)တစ်ပိဿာ)လျှင် (၄၈၀၀ မှ ၅၀၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင် (၅၃၀၀ မှ ၅၅၀၀)ကျပ်ထိ၊ အားလူးတစ်ပိဿာလျှင် (၂၄၀၀မှ ၂၆၀၀)ကျပ်ထိ၊ မန်ကျည်းသီးမှည့် တစ်ပိဿာလျှင် (၃၅၀၀-၃၆၀၀)ကျပ်၊ နနွင်းတက်တစ်ပိဿာလျှင် လျှင် (၅၀၀၀-၅၂၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၁၀၀၀ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ၇၀၀ကျပ်၊ ပဲသီး(ပဲထောင့်ရှည်)တစ်စည်းလျှင် ၅၀၀ကျပ်၊ ကြက်သားတစ်ပိဿာလျှင် (၁၀၀၀၀ -၁၂၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၅၀၀၀-၁၆၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၆၀၀၀-၁၇၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၄၀၀၀-၂၆၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၇၅၀၀-၈၀၀၀)ကျပ်၊ ကြက်ဥ(၁)လုံးလျှင် ၂၅၀ကျပ်၊ ဘဲဥ(၁)လုံးလျှင် ၃၀၀ကျပ်၊ ဖရဲသီး(ကျောက်စိမ်း)(၁)လုံးလျှင် (၁၅၀၀ မှ ၂၀၀၀)ကျပ်အတွင်း၊ ဖရဲသီး(၂၁၁) (၁)လုံးလျှင် ၄၀၀၀ကျပ်၊ သခွားမွှေး(၁)လုံးလျှင် (၂၅၀၀မှ ၃၀၀၀) ကျပ်အတွင်း အသီသီးဈေးရှိကြောင်း သိရပါသည်။

 ယခင်ပတ်နှင့်နှိုင်းယှဉ်လျှင် ကြက်သွန်ဖြူ(ရှမ်းစ)ဈေးအနည်းငယ်ကျနေပြီး၊ ကြက်သွန်ဖြူ(ကြူကုတ်)ဈေးအနည်းငယ်တက်နေပါကြောင်း၊ ကြက်သွန်နီ (သစ်)ဈေးနှုန်းများမှာ အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲမှုရှိပါကြောင်း၊ မန်ကျည်းသီးအသစ်များထွက်ပေါ်နေပြီဖြစ်သည့်အတွက် ဈေးနှုန်းများအနည်းငယ်ကျဆင်းနေပါကြောင်းနှင့် သခွားမွှေးသီးများမှာ ဈေးအနည်းငယ်တက်နေပါကြောင်း၊ စားအုန်းဆီဈေးနှုန်းများသည် ရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်းနှင့်  ပဲဆီဈေးအနည်းငယ်တက်နေပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီ/လက်ကားရောင်းဝယ်ဖောက်ကားရောင်းချနေသော ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)