မုံရွာမြို့၊ သီရိမင်္ဂလာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊ စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။
ယခု ၂၀၂၃ခုနှစ်၊ မတ်လ (စတုတ္ထအပတ်) တွင် ရွှေလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၈၀၀၀)ကြား၊ ပျားလိမ္မော်(၁)ပိဿာလျှင် ကျပ်(၆၀၀၀မှ ၈၀၀၀) ကြား၊ လိမ္မော်(ရိုးရိုး)(၁)ပိဿာလျှင် ကျပ်(၄၀၀၀မှ ၅၀၀၀)ကြား၊ စတော်ဘယ်ရီ(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၈၅၀၀)ကြား၊ ပန်းသစ်တော်သီး(၁)လုံးလျှင် ကျပ်(၁၅၀၀မှ ၂၅၀၀)ကြား၊ ပန်းသီး(၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၀၀၀)ကြား၊ ထောပတ်သီး(၁)လုံးလျှင် ကျပ်(၅၀၀ မှ ၁၂၀၀)ကြား၊ ကျွဲကောသီး(၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ တည်သီး(၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၀၀၀)ကြား၊ သခွားမွှေး (၁)လုံးလျှင် ကျပ်(၂၅၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(ကြီး)(၁)လုံးလျှင် ကျပ်(၂၀၀၀မှ ၃၀၀၀)ကြား၊ ဖရဲသီး(သေး)(၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ နာနတ်သီး(၁)လုံးလျှင် ကျပ်(၁၂၀၀မှ ၁၅၀၀)ကြား၊ နှင်းသီး(၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀)ကြား၊ နဂါးမောက်သီး(၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၀၀၀)ကြား၊ ငှက်ပျောသီးဖီးကြမ်းတစ်ဖီးလျှင် (၁၀၀၀)ကျပ်၊ ငှက်ပျောသီးမွှေးတစ်ဖီးလျှင် (၁၂၀၀)ကျပ်၊ စပျစ်သီး(၁)ပိဿာလျှင် ကျပ်(၈၀၀၀မှ ၁၂၀၀၀)ကြားဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)