၂၀၂၃ခုနှစ်၊ မတ်လ(စတုတ္ထပတ်)အတွင်း မုံရွာမြို့နယ်၏အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည်လျှင် (၃၆၀၀) ကျပ်၊ ဧရာမင်းဆန်အဟောင်းတစ်ပြည်လျှင် (၃၄၀၀) ကျပ်နှင့် ဧရာမင်းဆန်အသစ်တစ်ပြည်လျှင် (၃၂၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီတစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၂၅၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီလက်လီတစ်ပိဿာလျှင် (၁၄၀၀) ကျပ်မှ (၁၆၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူလက်လီ (ဗမာ) တစ်ပိဿာလျှင် (၅၀၀၀) ကျပ်မှ (၆၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာလျှင် (၄၅၀၀) ကျပ်မှ (၅၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် (၄၅၀၀) ကျပ်မှ (၅၀၀၀) ကျပ်ထိ၊ ချင်းတက်တစ်ပိဿာလျှင် (၁၄၀၀) ကျပ်မှ (၁၅၀၀) ကျပ်ထိ၊ ငရုတ်ခြောက်တစ်ပိဿာလျှင် အမျိုးအစားအလိုက် (၁၃၀၀၀) ကျပ် မှ (၁၄၀၀၀) ကျပ်ထိ၊ အာလူးတစ်ပိဿာလျှင် (၂၅၀၀) ကျပ်မှ (၂၆၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၁၀၀၀) ကျပ်မှ (၁၂၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ကြက်ဥလက်လီဈေးနှုန်းမှာ အကြီးတစ်လုံးလျှင် (၂၅၀) ကျပ်၊ အသေးတစ်လုံးလျှင် (၂၀၀) ကျပ်၊ ဘဲဥ(ကြီး)တစ်လုံးလျှင် (၃၅၀) ကျပ်၊ အသေးတစ်လုံးလျှင် (၃၀၀) ကျပ်ရှိကြောင်း၊ မုံရွာမြို့၏ သား/ငါးဈေးနှုန်းများမှ ကြက်သား (CP) တစ်ပိဿာလျှင် ( ၁၀၀၀၀) ကျပ်မှ (၁၁၀၀၀) ကျပ်ထိ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၇၀၀၀) ကျပ်မှ (၁၈၀၀၀) ကျပ်ထိ၊ အမဲသားတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်မှ (၁၇၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၈၀၀၀) ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
မတ်လ (စတုတ္ထပတ်) အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်အပတ်ဈေးနှုန်းများကိုနှိုင်းယှဉ်လျှင် ကြက်သွန်နီတစ်ပိဿာလျှင် (၂၀၀) ကျပ်ဈေးကျလျက်ရှိကြောင်း၊ စားအုန်းဆီတစ်ပိဿာလျှင် (၁၀၀) ကျပ်နှင့် မြေပဲဆီတစ်ပိဿာဈေးနှုန်းမှာ (၅၀၀)ကျပ်တို့ ဈေးတက်လျက်ရှိကြောင်းနှင့် အခြားအခြေခံစားကုန်များ၏ဈေးနှုန်းများမှာ ကွာဟမှုမရှိကြောင်း မုံရွာမြို့နေ ဈေးရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)