ကန့်ဘလူမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

Powered by Drupal

     ၂၀၂၃ခုနှစ်၊ မတ်လ (စတုတ္ထပတ်) အတွင်း ကန့်ဘလူမြို့နယ်၏ အခြေခံစားကုန်များဖြစ်သော ရွေဘိုပေါ်ဆန်း(အဟောင်း) တစ်ပြည်လျှင် (၃၈၀၀) ကျပ်၊ ဧရာမင်း(အဟောင်း)တစ်ပြည်လျှင် (၃၂၀၀) ကျပ်ဖြစ်၍ ယခင်အပတ်ထက် ဧရာမင်း(အဟောင်း)တစ်ပြည်လျှင် (၂၀၀) ကျပ်နှုန်းမြင့်တက်နေကြောင်း၊ ရွှေဘိုပေါ်ဆန်း(အသစ်)တစ်ပြည်လျှင် (၃၀၀၀) ကျပ်၊ ဧရာမင်း(အသစ်)တစ်ပြည်လျှင် (၂၈၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီမြစ်သားအမျိုးအစား(အသစ်) လက်လီဈေးမှာ (အကြီး)တစ်ပိဿာလျှင် (၁၈၀၀) ကျပ်၊ (အလတ်)တစ်ပိဿာလျှင် (၁၅၀၀) ကျပ်၊ (အသေး)တစ်ပိဿာလျှင် (၁၃၀၀) ကျပ်၊ ကြက်သွန်နီ ရိုးရိုးအမျိုးအစား(အသစ်)လက်လီဈေးမှာ (အကြီး)တစ်ပိဿာလျှင် (၁၄၀၀) ကျပ်၊ (အလတ်)တစ်ပိဿာလျှင် (၁၂၀၀) ကျပ်၊ (အသေး)တစ်ပိဿာလျှင် (၈၀၀)ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)အလုံးကြီးတစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)အလုံးသေးတစ်ပိဿာလျှင် (၄၃၀၀)ကျပ်မှ  (၅၀၀၀) ကျပ်ထိ၊ ကြူကုတ်တစ်ပိဿာလျှင် (၄၈၀၀) ကျပ်မှ (၅၃၀၀) ကျပ်ထိဖြစ်၍ ယခင်အပတ်ထက် (၃၀၀) ကျပ်မြင့်တက်နေကြောင်း၊ ချင်းတစ်ပိဿာလျှင် (၂၄၀၀) ကျပ်မှ (၂၇၀၀) ကျပ်ဖြစ်၍ မတ်လပထမအပတ်ထက် (၇၀၀) ကျပ်မြင့်တက်နေကြောင်း၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် အမျိုးအစားအလိုက် (၁၆၀၀၀) ကျပ်မှ (၂၅၀၀၀) ကျပ်ထိဖြစ်၍ ယခင်အပတ်ထက် (၃၀၀၀)ကျပ်မြင့်တက်နေကြောင်း၊ အာလူးတစ်ပိဿာလျှင်  (၂၃၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၂၅၀၀) ကျပ်ဖြစ်၍  ယခင်အပတ်နှင့်ကွာခြားမှုမရှိကြောင်း၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၇၀၀) ကျပ်၊ ခရမ်းသီးတစ်ပိဿာလျှင် (၅၀၀) ကျပ်ဖြစ်၍ မတ်လ (ပထမအပတ်) ထက် ယခုအပတ်တွင် (၇၀၀) ကျပ်ကျဆင်းနေကြောင်း၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင်  (၁၃၀၀) ကျပ်မှ (၁၅၀၀) ကျပ်ထိ၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင်(၈၀၀) ကျပ်၊ ခါကြက်ဥတစ်ပိဿာလျှင် (၂၅၀၀) ကျပ် မှ (၃၀၀၀) ကျပ်ထိ၊ သံပရာသီးတစ်လုံးလျှင် (၂၀၀) ကျပ်မှ (၃၀၀) ကျပ်ထိ၊ ကန်စွန်းရွက်တစ်စီးလျှင် (၁၀၀) ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေ၍ ကုန်စိမ်းများသည် ယခင်အပတ်နှင့်ကွာခြားမှုမရှိကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

       ကြက်ဥလက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံးလျှင် (၂၅၀)ကျပ်၊ အသေးတစ်လုံးလျှင် (၂၃၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၃၅၀) ကျပ်၊ ကန့်ဘလူမြို့၏ အသား/ငါးဈေးနှုန်းများမှာ ကြက်သား(cp)တစ်ပိဿာလျှင် (၁၀၀၀၀ )ကျပ်မှ (၁၂၀၀၀) ကျပ်ထိ၊ ကြက်သား(ဗမာ)တစ်ပိဿာလျှင် (၁၈၀၀၀ )ကျပ်မှ (၂၀၀၀၀) ကျပ်ထိ၊ ဝက်သားတစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်ထိ၊ အမဲသားတစ်ပိသာလျှင် (၁၀၀၀၀) ကျပ်မှ (၁၂၀၀၀) ကျပ်ထိ၊ ငါးကြင်းတစ်ပိဿာလျှင် (၆၀၀၀) ကျပ်မှ (၈၅၀၀) ကျပ်ထိ၊ တီလားဗီးယားငါးတစ်ပိဿာလျှင် (၄၀၀၀) ကျပ်မှ (၆၀၀၀) ကျပ်ထိဈေးနှုန်းတို့ဖြင့် ရောင်းဝယ်နေကြောင်း သိရပါသည်။

      စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်ဖြင့် တည်ငြိမ်နေလျက်ရှိနေပြီး စားအုံးဆီတစ်ပိဿာလျှင် (၇၀၀၀)ကျပ်ဖြစ်၍ မတ်လ (ပထမအပတ်) ထက် မတ်လ (စတုတ္ထအပတ်) တွင် စားအုံးဆီဈေးနှုန်းတစ်ပိဿာလျှင် (၁၀၀၀)ကျပ်ထပ်မံကျဆင်းနေပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)