စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၏ ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူနှင့် ရွှေဘိုခရိုင်များအနေဖြင့် ရွှေဘိုခရိုင်နှင့် ကသာခရိုင်တို့တွင် စပါးဈေး အနည်းငယ်တက်နေပါကြောင်း၊ ကန့်ဘလူခရိုင်တွင် ဧရာမင်းဆန်ဈေးအနည်းငယ်တက်နေပါကြောင်းနှင့် ကျန်ခရိုင်များတွင် ဈေးအေးနေကြောင်း သိရ ပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီးအတွင်း  ၂၀၂၃ခုနှစ်၊ မတ်လ(စတုတ္ထပတ်)တွင်ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး)(သစ်)တင်း၁၀၀လျှင် ကျပ်(၂၁၅၀၀၀၀)၊ ပေါ်ဆန်း(ဆန်)(သစ်)၂၄ပြည်ပါတစ်အိတ်လျှင် (၈၀၀၀၀)ကျပ်၊ ဧရာမင်း(စပါး)(သစ်)တင်း၁၀၀လျှင် ကျပ်(၁၇၀၀၀၀၀)၊  ဧရာမင်း(ဆန်)(သစ်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၆၅၀၀၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

      ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)(သစ်) တင်း၁၀၀လျှင် ကျပ်၂၁၀၀၀၀၀၊ ပေါ်ဆန်း(ဆန်)(သစ်)တစ်အိတ်လျှင် ကျပ်၇၀၀၀၀၊  ဧရာမင်း(စပါး)(သစ်) တင်း၁၀၀လျှင် ၁၆၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်)၂၄ပြည်ပါတစ်အိတ်လျှင်  ၆၀၀၀၀ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

    ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး)(သစ်)တင်း၁၀၀လျှင် ကျပ်၁၄၀၀၀၀၀၊ ဧည့်မထ(ဆန်)(သစ်)‌၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၅၀၀၀၀၊ ငစိန်(စပါး)(သစ်)တင်း၁၀၀လျှင် ကျပ်၁၃၀၀၀၀၀၊ ငစိန် (ဆန်)(သစ်)၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၄၅၀၀၀၊ ဧရာမင်း(စပါး)(သစ်)တင်း၁၀၀လျှင် ကျပ် ၁၆၀၀၀၀၀၊ ဧရာမင်း(ဆန်)(သစ်)၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၆၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

      ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး)(သစ်)တင်း၁၀၀လျှင် ကျပ်၁၂၅၀၀၀၀၊ မှော်ဘီ(၂)(သစ်)ဆန်၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၆၀၀၀၀၊ ဆင်းဧကရီ(၃)(စပါး)(သစ်)တင်း၁၀၀လျှင် ကျပ်၁၂၅၀၀၀၀၊ ဆင်းဧကရီ-၃(သစ်)ဆန်၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၆၀၀၀၀၊ ဧရာမင်း(စပါး) (သစ်)တင်း ၁၀၀လျှင် ကျပ်၁၅၅၀၀၀၀၊ ဧရာမင်း(ဆန်)(သစ်)၂၄ ပြည်ပါဆန်တစ်အိတ်လျှင် ကျပ်၇၅၀၀၀တို့ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(သစ်)တင်း၁၀၀လျှင် ကျပ် ၁၈၀၀၀၀၀၊  ဧရာမင်း(ဆန်)(သစ်)၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၇၀၀၀၀၊ ပေါ်ဆန်း(စပါး)(သစ်)တင်း၁၀၀လျှင် ကျပ်၂၁၀၀၀၀၀၊  ဧရာမင်း(ဆန်)(သစ်)၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၇၅၀၀၀၊ မနောသုခ(စပါး)(သစ်)တင်း၁၀၀လျှင် ကျပ် ၁၃၀၀၀၀၀၊ မနောသုခ(ဆန်)(သစ်)၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၅၆၀၀၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

      ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)(သစ်)တင်း၁၀၀လျှင် ကျပ်၁၆၀၀၀၀၀၊  ဧရာ မင်း(ဆန်)(သစ်)၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၇၀၀၀၀၊ ပေါ်ဆန်း(စပါး)(သစ်)တင်း၁၀၀လျှင် ကျပ် ၂၀၀၀၀၀၀၊ ပေါ်ဆန်း(ဆန်)(သစ်)၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၇၀၀၀၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

       စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ မတ်လ (စတုတ္တပတ်)တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၈၀၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၆၀၂၀၀အိတ်၊ မကွေးသို့ အိတ်ရေ ၆၀၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ ၉၀၀၀အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၀၀၀အိတ်၊ ကချင်သို့ အိတ်ရေ ၁၀၀၀၀အိတ်၊ စုစုပေါင်းအိတ်ရေ (၁၃၆၈၀၀)အိတ်၊ တန်အားဖြင့် (၆၈၄၀)တန်စီးထွက်ခဲ့ပြီး ယခု မတ်လ (စတုတ္ထပတ်) တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၀၀၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၇၉၂၈၀အိတ်၊ မကွေးသို့ အိတ်ရေ ၆၀၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ ၈၅၀၀အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၈၅၀၀အိတ်၊ ကချင်သို့ အိတ်ရေ ၁၅၀၀၀အိတ်၊ စုစုပေါင်းအိတ်ရေ (၁၆၁၈၈၀)အိတ်၊ တန်အားဖြင့် (၈၀၉၄)တန်စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့်နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၂၅၀၈၀)အိတ်၊ တန်အားဖြင့် (၁၂၅၄)တန်ပိုမိုစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)