မန်ကျည်းမှည့်အသစ်ပေါ်၍ အဟောင်းဈေးတက်နေပြီး နှစ်လအတွင်း ကုန်စည်စီးထွက်မှု ၉၇၅ တန်ခန့်ရှိ

Powered by Drupal

   မန်ကျည်းသီးမှည့်သည် မြန်မာဟင်းလျာများချက်ပြုတ်ရာတွင် အလွန်အသုံးဝင်ပြီး “တေဆေး”ဟုခေါ်သော ဝမ်းနုတ်ဆေးတွင် မန်ကျည်းမှည့်ကို ထန်းလျက်၊ ပွေးကိုင်းအပြင် အခြားဆေးများနှင့်ရော၍ ဖော်စပ်ရာတွင်လည်း အသုံးပြုကြပါသည်၊၊ ပူအိုက်သောရာသီတွင် မန်ကျည်းမှည့်နှင့်ထန်းလျက်ကို ရေစိမ်၍ မကျည်းဖျော်ရည်အဖြစ် ပြုလုပ်သောက်သုံးကြပြီး ဆေးပေါ့လိပ်လုပ်ငန်းတွင် ဆေးလိပ်လိပ်ကြရာ၌ မန်ကျည်းမှည့်ရည်ပက်ဖြန်းထားသော ဆေးရိုးများကို အသုံးပြုကြခြင်းကြောင့်လည်းကောင်း၊ ဈေးကွက်ဝယ်လိုအားရှိခြင်းကြောင့်လည်းကောင်း   နေ့စဉ် စားသောက်ရေးနှင့်ကုန်သွယ်မှုအတွက်ပါ အရေးပါလှပါသည်။

   နေ့စဉ်စားသောက်ရေးနှင့် ကုန်သွယ်မှုအတွက် ဤကဲ့သို့ အရေးပါလှသောမန်ကျည်းမှည့်များသည် ကရင်ပြည်နယ်ဈေးကွက်အတွင်းသို့ (မန်ကျည်းမှည့်)အသစ်များဝင်ရောက်လျက်ရှိကြောင်း၊ မကျည်းမှည့်အသစ် ၁ပိဿာလျှင် ၃၈၀၀ကျပ်ဖြစ်ကြောင်းနှင့်  မန်ကျည်းမှည့်အဟောင်း ၁ပိဿာလျှင် ၄၃၀၀ ကျပ်ဖြစ်ကြောင်း၊ အဟောင်းနှင့်အသစ်မှာ တစ်ပိဿာလျှင် ၅၀၀ကျပ်ခန့် ဈေးကွာဟမှုရှိကြောင်း သိရပါသည်။

      မကျန်ည်းမှည့်ကို ပြည်တွင်းစားသုံးရန်သာမက ပြည်ပသို့တင်ပို့လျက်ရှိကြောင်းနှင့် စာရင်းဇယားများအရ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့မှ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထိ  (မြန်မာ-ထိုင်း)မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှ (ပြည်တွင်း) မန်ကျည်းမှည့် ၉၇၅ တန်ခန့် ကုန်စည်စီးထွက်မှုရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)