ပြည်၌ မြေပဲဆံဈေးငြိမ်နေသော်လည်း အရောင်းအဝယ်ဖြစ်

Powered by Drupal

     မြေပဲဆန်များသည် ယခု မတ်လ (တတိယပတ်) တွင် ဈေးငြိမ်နေပြီး မြေပဲလုံးဆံဈေးအနည်းငယ်ကျလာခဲ့ပါသည်။ ပြည်ဈေးကွက်သို့ ကံမ၊ မင်းတုန်း၊ ပေါက်ခေါင်းနှင့် ရွှေတောင်ဘက်မှ ဆောင်းမြေပဲများဝင်ရောက်မှုရှိပြီး တစ်နေ့လျှင် အဝင် အိတ်(၆၀၀/၇၀၀)အိတ်ခန့်ဝင်ရောက်လျက်ရှိပါသည်။ မြေပဲလုံးဆံကို နယ်ဘက်မှအဝယ်ရှိသကဲ့သို့ ရန်ကုန်ဘက်မှလည်းအဝယ်ရှိသဖြင့် တစ်နေ့လျှင် အိတ်(၅၀၀/၆၀၀)ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြေပဲဆီဆံကို မြို့တွင်းဆီစက်သမားများက ဝယ်ယူမှုရှိ၍ အရောင်းအဝယ်ဖြစ်သည့်အပြင် လုံးဆန်(အဖြူ)ကို မြဝတီမှတစ်ဆင့် ယိုးဒယားသို့တင်ပို့ပြီး လုံးဆံ(အနီ)ကို မြို့တွင်းရှိ ပဲကြော်သမားများကအဝယ်ရှိသဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုအပတ်၌ မြေပဲဆန်ဈေးမှာ ဆီဆံ(အဖြူ)တစ်ပိဿာလျှင် (၅၈၀၀) ကျပ်၊ ဆီဆံ(အနီ)တစ်ပိဿာလျှင် (၆၈၀၀)ကျပ်ဖြင့် ယခင်အပတ်ကအတိုင်းဈေးငြိမ်နေပြီး လုံးဆံ(အဖြူ)တစ်ပိဿာလျှင် (၆၂၀၀)ကျပ်၊ လုံးဆံ(အနီ)တစ်ပိဿာလျှင် (၇၀၀၀)ကျပ်ဖြင့် ယခင်အပတ်ထက် ဈေးများအနည်းငယ်ကျဆင်းလာသော်လည်း အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)