ရွှေတောင်မြို့၏ ခရမ်းပြုတ်သီးဈေးနှုန်းဈေးကွက်

Powered by Drupal

     မြန်မာလူမျိူးများသည် နေ့စဉ် ထမင်းနှင့်ဟင်းများ ချက်ပြုတ်စားသောက်ရာတွင် ငါးပိရည်တို့စရာလည်း အပါအဝင်ဖြစ်ပါသည်။ တို့စရာများစွာအနက် ခရမ်းပြုတ်သီးများမှာ အပါအဝင်လည်းဖြစ်ပါသည်။ ရွှေတောင်မြို့နယ်၊ ဧရာဝတီမြစ်၏ အနောက်ဘက်ခြမ်း မင်းတဲကျွန်း (မြေနုကျွန်းတွင် ခရမ်းသီး(ပြုတ်သီး)များစိုက်ပျိုးထားပါသည်။ ခရမ်းသီးကို မျိုးစေ့မှပျိုးထောင်၍ စိုက်ပျိုးရပြီး ပျိုးပင်များအရွက်အနည်းငယ်ထွက်လာလျှင် စိုက်ခင်းသို့ပြောင်းရွေ့ စိုက်ပျိုးနိုင်ပါသည်။ ခရမ်းသီးစိုက်ဧက (၀.၂၅)ဧကအတွက် ခရမ်းမျိုးစေ့ကို စိုက်ပျိုးရေးဆိုင်မှ တစ်ထုပ်လျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် (၂)ထုတ်ဝယ်ယူ၍  စိုက်ပျိုးထားကြောင်း သိရပါသည်။ ခရမ်းမျိုးစေ့တစ်ထုပ်လျှင် အပင်ပေါက် (၉၀၀)ခန့်ရရှိပြီး (၂) ထုတ်လျှင် အပင်ပေါက် (၁၈၀၀)ခန့်စိုက်ပျိုးထားကြောင်း သိရပါသည်။ ခရမ်းသီးစိုက်ပျိုးပြီး (၂) လအကြာတွင် အသီးများစတင်ခူးယူနိုင်ပြီး ခူးဆွတ်ရာတွင် (၃)ရက်တစ်ခါခူးဆွတ်ရပါသည်။ ခရမ်းသီးစတင်ခူးဆွတ်ချိန်တွင် (၁၂)ပိဿာခန့်ထွက်ရှိပြီး အများဆုံးထွက်ရှိချိန်တွင် ပိဿာ(၅၀)ကျော်ထွက်ရှိသည်ဟု သိရပါသည်။ (၀.၂၅)ဧကအတွက် ခရမ်းသီးစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ (၃)သောင်းကျပ်ခန့်သာကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် ခရမ်းသီးပေါ်စမှ အသီးများပြတ်ချိန်အထိ (၃ - ၄ )သိန်းကျပ်ခန့်ရရှိသည် ဟုသိရပါသည်။

    ရွှေတောင်မြို့နယ်၊ မင်းတဲကျွန်းမှထွက်ရှိသော ခရမ်းသီး(ပြုတ်သီး)များကို ဒေသတွင်းတွင် ရောင်းချကြသည့်အပြင် ပြည်မြို့ရှိဈေးများသို့လည်း တင်ပို့ရောင်းချကြောင်း သိရှိပါသည်။ ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၉၀၀)ကျပ်ဖြင့်ရောင်းချကြောင်း သိရပါသည်။ ခရမ်းသီးစိုက်ပျိုးခြင်းဖြင့်လည်း မိသားစုဝင်ငွေများရရှိပြီး အကျိုးအမြတ်လည်းရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)