ပြည်၌ ကြက်သွန်နီအဝင်များကာ အရောင်းအဝယ်သွက်

Powered by Drupal

     ပြည်ဈေးကွက်သို့ အောင်လံ၊ တောင်တွင်း၊ သရက်၊ ရေနံချောင်း စသည့်နယ်ဘက်မှ အချိန် (၂၅) ပိဿာဝင် ကြက်သွန်နီအိတ်များ အိတ် (၅၀၀)ခန့် တစ်ပတ်လျှင် (၅)ရက်ခန့် နေ့စဉ်အဝင်ရှိကြောင်းသိရပြီး ပွဲရုံဈေးကွက်တွင် လက်ကားဈေးတစ်ပိဿာလျှင် အကြီး ကျပ် (၁၁၀၀)၊ အလတ် ကျပ်(၉၀၀-၁၀၀၀)၊ အသေး ကျပ်(၈၀၀-၈၅၀)တို့ဖြင့် ပြည်ပွဲရုံများတွင် ရောင်းချလျက်ရှိနေကြောင်း သိရပါသည်။ ပြည်ပွဲရုံဈေးကွက်အတွင်း အဝင်များနေသဖြင့် ကုန်ပစ္စည်းလက်ကျန်များနေပြီး အရောင်းအဝယ်သွက်လျက်ရှိနေပါသည်။ ဝင်ရောက်မှု၏လေးပုံသုံးပုံခန့် အရောင်းအဝယ်ဖြစ်နေပြီး ပုံမှန်ဈေးကွက်ဖြစ်သော အိတ်ဆွဲဝယ်ရောင်းသမားများ၊ ဒေသတွင်းဝယ်လက် လက်လီသမား၊ ပန်းတောင်း(ဥသျှစ်ပင်)၊ သာယာဝတီခရိုင်နှင့် ဧရာဝတီ(ကြံခင်း)၊ ရခိုင်ပြည်နယ် (တောင်ကုတ်)တို့သို့ နယ်ကျော်စီးဆင်းမှုများအဖြစ် အရောင်းအဝယ်ရှိနေပါသည်။ ဒေသတွင်းလက်လီဈေးအသေးများတွင်ရှိသော အချို့ဆိုင်များတွင် ကြီး/လတ်/သေး ကြိုက်ရာယူတစ်ပိဿာ လျှင် ကျပ် (၁၄၀၀)နှုန်းဖြင့် ဈေးတစ်မျိုးတည်းရောင်းချပြီး အချို့မှာ အကြီး ကျပ် (၁၅၀၀)၊ အလတ် ကျပ်(၁၃၀၀-၁၄၀၀)၊ အသေး ကျပ်(၁၂၀၀-၁၁၀၀)နှုန်းတို့ဖြင့် ရောင်းချမှုများလည်းရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)