ဒေသတွင်းအဝင်လှိုင်နေသည့် ပြည်မန်ကျည်းမှည့်အရောင်းအဝယ်ဖြစ်

Powered by Drupal

      ယခုအပတ် ပြည်မန်ကျည်းမှည့် ပွဲရုံများသို့ သဲကုန်း၊ ရွှေတောင်၊ ပေါက်ခေါင်းနှင့် ပန်းတောင်းမြို့နယ်များမှ တစ်နေ့လျှင် ပိဿာချိန် (၁၀၀၀/၁၅၀၀)ခန့်ဝင်ရောက်မှုရှိပြီး မန်ကျည်းမှည့် အစေ့ပါ/ အစေ့မပါ နှစ်မျိုးလုံး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ လှောင်လက်သမားများ အဝယ်ရှိနေပြီး လက်လီသမားတို့လည်း အဝယ်လိုက်နေတာကြောင့် အရောင်းအဝယ်မှာ ကောင်းလျက်ရှိပါသည်။ ယခုအပတ် မန်ကျည်းမှည့်အသစ် ပွဲရုံဈေးမှာ အစေ့ပါ တစ်ပိဿာလျှင် (၁၀၀၀)ကျပ်နှင့် အစေ့မပါ (အသားချည်း) ဈေးမှာ (၂၂၀၀)ကျပ်ဈေးတို့ဖြစ်ပြီး ဒေသတွင်းလက်လီဈေးမှာ အစေ့ပါ (၁၅၀၀)ကျပ်နှင့် အစေ့မပါ (၂၅၀၀-၃၀၀၀)ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ကောင်းလျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)