အိမ်နီးချင်းနိုင်ငံများ၏ ဝယ်လိုအားကြောင့် ပြည်တွင်းချင်းဈေးတက်

Powered by Drupal

     မတ်လ (တတိယပတ်)အတွင်း ချင်းထွက်ရှိရာဒေသများတွင် အိမ်နီးချင်းနိုင်ငံများ၏ ချင်းဝယ်လိုအား(အစွဲများ)ကောင်းနေပြီး ပြည်တွင်းဝယ်လက်သမား ဈေးအနည်းငယ်မြင့်၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ချင်းကို အောင်ပန်းဘက်မှ ပြည်ပွဲရုံသို့ တစ်နေ့လျှင် ချင်း တစ်ဆယ်ပိဿာ ဝင်(ပို) ၅၀၀/၆၀၀ ခန့် ဝင်ရောက်မှုရှိပြီး အရောင်းအဝယ်မှာ တစ်နေ့လျှင် ပိဿာချိန် (၈၀၀/၁၀၀၀) ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်အပတ်က ချင်းဈေးထက် ယခုအပတ်တွင် ချင်းဈေးမှာ ချက်ချင်းတက်လာပါသည်။ ယခုအပတ် ချင်း(ပွဲရုံဈေး) (၂၀၀၀)ကျပ်မှ (၂၂၀၀)ကျပ်ဖြစ်ပြီး လက်လီဈေးမှာ (၃၀၀၀)ကျပ်ဈေးတို့ဖြင့်ရောင်းဝယ်လျက်ရှိပါသည်။ ဒါးလှီးချင်း တစ်ပိဿာလျှင် (၂၇၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပြည်ပွဲရုံများတွင်လည်း ချင်းဈေးတစ်ပတ်နှင့်တစ်ပတ် ဈေးနှုန်းမတည်ငြိမ်ကြောင်း သိရှိရပါသည် ။

DOCA(ပဲခူး)