တောင်ငူခရိုင် ဖြူးမြို့တွင် အခြေခံစားသောက်ကုန်အချို့ ဈေးနှုန်းအနည်းငယ်အတက်အကျရှိ

Powered by Drupal

       တောင်ငူခရိုင်၊ ဖြူးမြို့တွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပါသည်။ ဧည့်မထဈေးနှုန်းမှာ မတ်လ(တတိယ)ပတ်က တစ်အိတ်လျှင် ၅၂၀၀၀ ကျပ်ရှိရာမှ  ယခုအပတ်တွင် တစ်အိတ်လျှင် ၅၄၀၀၀ ကျပ်မှ ၅၆၀၀၀ ကျပ်အထိ ဈေးနှုန်း အနည်းငယ် မြင့်တက်ပါသည်။

       မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်ရှိပါသည်။ စားအုန်းဆီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၇၁၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၇၄၀၀ ကျပ်ဖြင့် ဈေးအနည်းငယ် မြင့်တက်လာပါသည်။

       ကြက်သွန်နီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၃၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် အသေး တစ်ပိဿာ ၁၀၀၀ ကျပ်၊ အကြီးတစ်ပိဿာလျှင် ၁၂၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျပါသည်။ ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် အသေး ၅၀၀၀ ကျပ်၊ အလတ် ၅၅၀၀ ကျပ်နှင့် အကြီး ၅၈၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

      ငရုတ်သီးမှာ အရှည်တောင့် တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်မှ ၁၄၀၀၀ ကျပ်အထိ ဈေးနှုန်းတည်ငြိမ်နေပါသည်။ အာလူးမှာလည်း တစ်ပိဿာလျှင် ၂၀၀၀ ကျပ်မှ ၂၂၀၀ ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    မြေပဲဆံမှာ အနီ တစ်ပိဿာလျှင် ၇၅၀၀ ကျပ်၊ အဖြူ တစ်ပိဿာလျှင် ၇၀၀၀ ကျပ်နှုန်းဖြင့် ဈေးနှုန်းအနည်းငယ်ကျပါသည်။ ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်၊ ကုလားပဲလုံးမှာ တစ်ပိဿာလျှင် ၄၀၀၀ ကျပ်နှုန်းဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)