အောင်လံကုန်စည်ဒိုင်၏ သီးနှံအရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

 ‌     အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ) (၄၅)ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ်(၂၂-၃-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၅၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၂၈-၃-၂၀၂၃)ရက်နေ့တွင်လည်း ကျပ် (၂၅၀၀၀၀)၊ ယခင်အပတ်တွင် နှမ်းပြာတစ်အိတ်လျှင် ကျပ်(၂၃၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၃၀၀၀၀)၊ ယခင်အပတ်တွင် နှမ်းဖြူတစ်အိတ်လျှင် ကျပ်(၂၆၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၆၀၀၀၀)၊ ယခင်အပတ်တွင် နှမ်းနီတစ်အိတ်လျှင် ကျပ်(၂၆၀၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၆၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း၊ အရောင်းအဝယ်ပမဏအနေဖြင့် (၄၅)ပိဿာဝင်အိတ်ဖြင့် နှမ်းနက်(စမုံ) (၄၈၀)အိတ်၊ နှမ်းပြာ(၁၁၀)အိတ်၊ နှမ်းဖြူ(၈၅)အိတ်နှင့် နှမ်းနီ(၉၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

    ပဲမျိုးစုံဈေးကွက်တွင် ပဲစင်းငုံ(နီ) (၂၀)ပိဿာဝင်(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၇၅၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၅၀၀၀) ဖြစ်၍ ကျပ်(၅၀၀) ဈေးလျော့ခဲ့ကြောင်း၊ ယခင်အပတ်တွင် မတ်ပဲတစ်တင်းလျှင် ကျပ်(၆၄၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၄၀၀၀)ဖြစ်၍ ကျပ်(၅၀၀)ဈေးလျော့ခဲ့ကြောင်း၊ ယခင်အပတ်တွင် ကုလားပဲ (HL) တစ်တင်းလျှင် ကျပ်(၇၄၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၁၀၀၀)ဖြစ်၍ ကျပ်(၃၅၀၀)ဈေးလျော့ခဲ့ကြောင်း၊ ယခင်အပတ်တွင် ကုလားပဲ(မြကြေး)တစ်တင်းလျှင် ကျပ်(၇၄၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၁၅၀၀) ဖြစ်၍ ကျပ်(၃၀၀၀)ဈေးလျော့ခဲ့ကြောင်း၊ ယခင်အပတ်တွင် ပဲကြီးတစ်တင်းလျှင် ကျပ်(၈၃၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၈၀၀၀၀)ဖြစ်၍ ကျပ်(၃၀၀၀)ဈေးလျော့ခဲ့ကြောင်း၊  ယခင်အပတ်တွင် ဘိုကိတ်ပြာတစ်တင်းလျှင် ကျပ်(၄၅၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၄၄၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)စသည်ဖြင့် အသီးသီးဈေးလျော့ခဲ့ပါသည်။ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀) ပိဿာဝင်အိတ်ဖြင့် ပဲစင်းငုံ(နီ) (၂၈၀၀) အိတ်၊ မတ်ပဲ(၃၀၀) အိတ်၊ ကုလားပဲ(HL) (၇၅၀) အိတ်၊ ကုလားပဲ(မြကြေး) (၇၀၀)အိတ်၊ ဘိုကိတ်ပြာ(၁၈၀)အိတ်နှင့် ပဲကြီး(၇၀၀) အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိရပါသည်။

     မြေပဲလုံးဆံ(နီ)တစ်ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၇၀၇၅)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၀၀၀)ဖြစ်၍ ကျပ်(၇၅)ဈေးလျော့ခဲ့ပါသည်။ မြေပဲလုံးဆံ(ဖြူ)တစ်ပိဿာလျှင်  ယခင်အပတ်တွင် ကျပ်(၆၁၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၁၅၀)ဖြစ်၍ ကျပ်(၅၀)ဈေးမြင့်ခဲ့ပါကြောင်း၊ မြေပဲတောင့်အစို (၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၂၃၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၄၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀) အသီးသီးဈေးမြင့်ခဲ့ပါသည်။ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်ဖြင့် မြေပဲလုံးဆံ(နီ)(၃၈၀)အိတ်၊ မြေပဲလုံးဆံ(ဖြူ)(၄၈၀)အိတ်နှင့် မြေပဲတောင့်အစိုတင်း(၄၂၀၀)တင်းတို့ အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိခဲ့ရပါသည်။

     ဝါသီးနှံဈေးကွက်မှာလည်း (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၃၁၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၉၀၀)ဖြစ်၍ ကျပ်(၂၀၀)ဈေးလျော့ခဲ့ပြီး ဝါပိဿာချိန် (၂၅၀၀၀)ခန့်အရောင်းအဝယ်ရှိခဲ့ပါသည်။ ဝါသီးနှံ၊ နှမ်းသီးနှံ၊ မတ်ပဲ၊ ကုလားပဲ(HL)၊ ကုလားပဲ(မြကြေး)၊ မြေပဲလုံးဆံ(နီ)၊ မြေပဲလုံးဆံ(ဖြူ)နှင့် မြေပဲတောင့်(အစို)သီးနှံများကို မန္တလေးမြို့သို့တင်ပို့ရောင်းချရပါကြောင်း၊ ဘိုကိတ်ပြာ၊ ပဲစင်းငုံ(နီ)တို့ကို ရန်ကုန်မြို့သို့တင်ပို့ရောင်းချလျက်ရှိပြီး ပဲကြီးသီးနှံအား အောင်လံမြို့အတွင်းရှိ ပဲကြော်လုပ်ငန်းရှင်များအား ရောင်းချရပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)