မုံရွာမြို့နယ်၌ ကွမ်းဈေးနှုန်းအနည်းငယ် ပြန်လည်မြင့်တက်လျက်ရှိ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုး ခွဲစိုက်ပျိုးကြပြီး မိုးစိုက်သည် ပိုးကျလွယ်သည့် အတွက် အစိုက်နည်းပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်းသိရသည်။     

   မုံရွာမြို့နယ် ကွမ်းဈေးကွက်အနေဖြင့် ယခင် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကွမ်းတစ်ပိဿာလျှင် ကျပ်(၂၅၀၀-၅၀၀၀) ဈေးရရှိပြီး ယခုမတ်လတွင် အရည်အသွေးအပေါ်မူတည်ပြီး တစ်ပိဿာလျှင် ကျပ်(၃၅၀၀-၇၀၀၀)ထိ ရောင်းချရပြီး ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှ စုံစမ်းသိရှိရသည်။

DOCA(စစ်ကိုင်း)