အညာဒေသတွင် အုန်းစိမ်း‌ရည် အရောင်းအဝယ်သွက်လျက်ရှိ

Powered by Drupal

        အညာဒေသ မုံရွာမြို့နယ်တွင် အုန်းစိမ်းများကို ရန်ကုန်မြို့၊ ကနီမြို့နယ်ရှိ တွင်းမဒေသတို့မှ ဝင်ရောက်ကြောင်း၊ တစ်နေ့လျှင် အုန်းစိမ်း (၅၀၀) လုံးပါ ကား (၂) စီးဝင်ရောက်ကြောင်း၊ အုန်းစိမ်းတစ်လုံးလျှင် (၁၀၀၀) ကျပ် မှ (၁၈၀၀) ကျပ်အထိ ဈေးနှုန်းများရှိကြောင်း၊ တစ်နေ့လျှင် အုန်းစိမ်း (၁၀၀) လုံး မှ (၁၅၀) လုံးထိ အုန်းစိမ်းရေများ ရောင်းချရကြောင်း၊ နွေဦးရာသီရောက် ရှိလာပြီဖြစ်သဖြင့် အုန်းစိမ်းရေများ အရောင်းအဝယ်သွက်ကြောင်း အုန်းစိမ်းရေရောင်းချသူများထံမှ သိရှိရပါသည်။

   အုန်းစိမ်းရည်မှာပါတဲ့ အာဟာရဓါတ်တွေက ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးကြောင်း၊ အရွယ်တင်နုပျိုစေသည့်အပြင် ဘက်တီးရီးယားတွေနဲ့ကင်ဆာရောဂါများကိုလည်း တိုက်ဖျက်နိုင်သည့်အစွမ်းလည်းရှိကြောင်း၊ အုန်းစိမ်းရည်က အရသာရှိပြီး ကယ်လိုရီပါဝင်မှုနည်းသည့် သဘာဝအချိုရည်တစ် မျိုးဖြစ်ကြောင်း၊ အုန်းစိမ်းရည်မှာ အုန်းသီးခြောက်အရည်ထက် အာဟာရဓါတ်ပိုမိုပါဝင်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)