ရွှေဘိုဈေးကွက်တွင် ပဲစဉ်းငုံဈေးဆက်လက်မြင့်ပြီး အရောင်းအဝယ်ဖြစ်နေ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ မတ်လ၊ စတုတ္ထပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့်သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

  ရွှေဘိုမြို့ ပဲ၊ နှမ်း ကုန်စည်ဒိုင်တွင် ဒီဇင်ဘာလနောက်ဆုံးပတ်မှစတင်၍ ပဲစဉ်းငုံများ စတင်အရောင်းအဝယ်ဖြစ်ခဲ့ပြီး မတ်လ၊ စတုတ္ထပတ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မတ်လ စတုတ္ထပတ်၌ ပဲစဉ်းငုံတစ်တင်းလျှင်(၇၄၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၃၇၅)တင်း/ (၁၂)တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူ၌ ပဲစဉ်းငုံတစ်တင်းလျှင် (၄၄၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့ပြီး ယခင်အပတ်၌ ပဲစဉ်းငုံတစ်တင်းလျှင် (၇၀၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုနှစ်တွင် ယခင်နှစ်ထက် တစ်တင်းလျှင် (၃၀၀၀ဝိ/-)ကျပ် ဈေးပိုခဲ့ပြီး   ယခင်အပတ်နှင့် ယခုအပတ် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုအပတ်တွင် ယခင်အပတ်ထက် တစ်တင်းလျှင် (၄၀၀ဝိ/-)ကျပ် ဈေးပိုခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)