စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ ရွှေဘိုမြို့တွင် စားသုံးဆီဈေးနှုန်းများအနည်းငယ်ကျဆင်းလျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရပါသည်။
ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီလက်လီ/လက်ကားရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး ၂၀၂၃ခုနှစ်၊ မတ်လ (တတိယပတ်) တွင် စားအုန်းဆီတစ်ပိဿာလျှင် (၇၀၅၀)ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါကြောင်း၊ ယခု မတ်လ (နောက်ဆုံးပတ်) တွင် စားအုန်းဆီတစ်ပိဿာလျှင် (၆၇၅၀)ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပါကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ စားသုံးဆီတစ်ပိဿာဈေးနှုန်းတို့ကိုနှိုင်းယှဉ်ရာ စားအုန်းဆီတစ်ပိဿာလျှင် (၃၀၀)ကျပ်ဈေးနှုန်းကျဆင်းခဲ့ပြီး ပဲဆီသန့်နှင့် နှမ်းဆီသန့်ဈေးနှုန်းမှာ ယခင်ပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီလက်ကားဆိုင်များမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)