မုံရွာမြို့၊ သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများအခြေအနေ

Powered by Drupal

    မုံရွာမြို့၊ သီရိမင်္ဂလာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။

     ယခု ၂၀၂၃ခုနှစ်၊ မတ်လ (စတုတ္ထပတ်) တွင် ရွှေလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၈၀၀၀)ကြား၊ ပျားလိမ္မော်(၁)ပိဿာလျှင် ကျပ်(၆၅၀၀မှ ၈၀၀၀)ကြား၊ လိမ္မော်(ရိုးရိုး)(၁)ပိဿာလျှင် ကျပ်(၄၀၀၀မှ ၆၀၀၀)ကြား၊ စတော်ဘယ်ရီ(၁)ပိဿာလျှင် ကျပ်(၇၅၀၀ မှ ၈၅၀၀)ကြား၊  ပန်းသစ်တော်(၁)လုံးလျှင် ကျပ်(၁၅၀၀ မှ ၂၅၀၀)ကြား၊ ပန်းသီး(၁)လုံးလျှင် ကျပ်(၇၀၀ မှ ၁၅၀၀)ကြား၊ ထောပတ်သီး(၁)လုံးလျှင် ကျပ်(၅၀၀ မှ ၁၅၀၀)ကြား၊ ကျွဲကောသီး(၁)လုံးလျှင် ကျပ်(၁၀၀၀ မှ ၁၅၀၀)ကြား၊ တည်သီး(၁)လုံးလျှင် ကျပ်(၈၀၀ မှ ၁၀၀၀)ကြား၊ သခွားမွှေး (၁)လုံးလျှင် ကျပ်(၂၀၀၀ မှ ၃၅၀၀)ကြား၊ ဖရဲသီး(ကြီး)(၁)လုံးလျှင် ကျပ်(၂၅၀၀ မှ ၃၅၀၀)ကြား၊ ဖရဲသီး(သေး)(၁)လုံးလျှင် ကျပ်(၁၀၀၀ မှ ၂၀၀၀)ကြား၊ နာနတ်သီး(၁)လုံးလျှင် ကျပ်(၁၂၀၀ မှ ၁၅၀၀)ကြား၊ နှင်းသီး(၁)ပိဿာလျှင် ကျပ်(၅၀၀၀ မှ ၇၀၀၀)ကြား၊ နဂါးမောက်သီး(၁)လုံးလျှင် ကျပ်(၈၀၀ မှ ၁၅၀၀)ကြား၊ ငှက်ပျောသီးဖီးကြမ်းတစ်ဖီးလျှင် (၁၂၀၀)ကျပ်၊ ငှက်ပျောသီးမွှေးတစ်ဖီးလျှင် (၁၅၀၀)ကျပ်၊ စပျစ်သီး(၁)ပိဿာလျှင် ကျပ်(၈၀၀၀ မှ ၁၂၀၀၀)ကြားဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)