ရွှေဘိုမြို့၊ ကုန်းဘောင်ဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

    ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် ၂၀၂၃ခုနှစ်၊ မတ်လ (နောက်ဆုံးပတ်)တွင်ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ပုပ္ပားမြို့နှင့် မတ္တရာမြို့မှထွက်ရှိသည့် မာလကာသီးတစ်လုံးလျှင် (၂၀၀)ကျပ်မှ(၃၀၀)ကျပ်ထိ၊ တောင်ကြီးမြို့နှင့်  ပြင်ဦးလွင်မြို့မှထွက်ရှိသည့် ထောပတ်သီးတစ်လုံးလျှင် (၃၀၀)ကျပ်မှ (၇၀၀)ကျပ်ထိ၊ ဒေသတွင်းနှင့် ပြင်ဦးလွင်မြို့မှ စတော်ဘယ်ရီသီးတစ်ပိဿာလျှင် (၅၀၀၀)ကျပ်မှ (၆၀၀၀)ကျပ်ထိ၊ ပန်းသီးတစ်လုံးလျှင် (၅၀၀)ကျပ်မှ (၁၅၀၀)ကျပ်ထိ၊ ပန်းသစ်တော်သီးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊  မန္တလေးပွဲရုံများမှ မှာယူရောင်းချသည့် ပျားလိမ္မော်တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ရွှေလိမ္မော်တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊  ရမည်းသင်းမြို့မှထွက်ရှိသည့် စပျစ်သီး(အဝိုင်းသီး)တစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ အချွန်းသီးတစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ဆားတောင်မြို့နှင့် ရွှေပန်းကုန်းရွာမှထွက်ရှိသည့် ငှက်ပျောသီးဖီးကြမ်းတစ်ဖီးလျှင် (၈၀၀)ကျပ်၊ ဝက်လက်မြို့၊ ရွှေကျင်ရွာမှထွက်ရှိသည့် ဖရဲသီးတစ်လုံးလျှင် (၁၅၀၀)ကျပ်မှ (၂၅၀၀)ကျပ်ထိ၊ သခွားသီးတစ်လုံးလျှင် (၅၀၀)ကျပ်မှ (၈၀၀)ကျပ်ထိ၊ ဒေသတွင်းမှထွက်ရှိသည့် သင်္ဘောသီးတစ်လုံးလျှင် (၆၀၀)ကျပ်မှ (၁၀၀၀)ကျပ်ထိ၊ ဗန်းမော်မြို့မှ မှာယူရောင်းချသည့် သစ်ကြားသီးတစ်လုံးလျှင် (၁၀၀)ကျပ်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်း ကုန်းဘောင်ဈေးအတွင်းရောင်းချသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)